ဟေရှာယ 45:22 - မြန်မာ့စံမီသမ္မာကျမ်း22 မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible22 ``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။ တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible22 အို မြေ ကြီး စွန်း အ ပေါင်း တို့ ငါ သာ လျှင် ဘု ရား သ ခင် ဖြစ် တော် မူ သော ကြောင့်၊ ငါ့ ကို လှည့် ကြည့်၍ ကယ် တင် ခြင်း ကို ခံ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible22 မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရား မရှိ။ အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
သူတို့သည် ထိုသက်သေတို့ကို ယူဆောင်လာကြပါစေ။ မည်သည့်အရာများ ဖြစ်ပျက်လိမ့်မည်ကို ငါတို့အား ပြောပြကြပါစေ။ ယခင်က မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာ ငါတို့ဆင်ခြင်၍ ထိုအရာတို့၏အကျိုးဆက်ကိုသိနိုင်မည်။ သို့မဟုတ် ဖြစ်လာမည့်အရာများကို ငါတို့အားပြောကြားကြလော့။