Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 19:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 တ​တိ​ယ​နေ့​တွင်​တောင်​ပေါ်​၌​မိုး​ချုန်း​၍ လျှပ်​စီး​လက်​ပြီး​လျှင်​ထူ​ထပ်​သော​မိုး​တိမ် ကျ​ရောက်​လေ​သည်။ အ​လွန်​ကျယ်​လောင်​သော တံ​ပိုး​မှုတ်​သံ​လည်း​ထွက်​ပေါ်​လာ​၏။ ထို အ​ခါ​စ​ခန်း​ထဲ​ရှိ​လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 တ တိ ယ နေ့ နံ နက် အ ချိန်၌ မိုး ချုန်း ခြင်း၊ လျှပ် ပြက် ခြင်း၊ တောင် ပေါ် မှာ တိမ် တိုက် လွှမ်း မိုး ခြင်း၊ အ လွန် ကျယ် စွာ တံ ပိုး မှုတ် ခြင်း များ ဖြစ် သ ဖြင့် တပ် စ ခန်း ရှိ သူ အ ပေါင်း တို့ သည် တုန် လှုပ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 19:16
31 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။ အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။


ထို​မိုးတိမ်​များ​ကြောင့် ယဇ်ပုရောဟိတ်​တို့​သည် အမှု​တော်​ဆောင်​၍​ပင် မ​ရ​ကြ​တော့​ပေ​။ ဤသို့ဖြင့် ထာဝရဘုရား​၏​ဘုန်း​တော်​သည် ဘုရားသခင်​၏​အိမ်​တော်​ကို ဖုံးလွှမ်း​လျက်​ရှိ​၏​။


မိုးရေစီး​ရာ​မြောင်း​နှင့် မိုးကြိုးစီး​ရာ​လမ်းကြောင်း​တို့​ကို မည်သူ​ဖောက်​သနည်း​။


ငါ​တို့​၏​ဘုရားသခင်​သည် ကြွလာ​တော်မူ​မည်​။ ကိုယ်တော်​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​ရှေ့​တော်​၌ ဝါးမျို​တတ်​သော​မီး​ရှိ​၍ ကိုယ်တော်​၏​ပတ်လည်​၌ ပြင်းထန်​သော​မုန်တိုင်း​ရှိ​၏​။


ကိုယ်တော်​၏​ထစ်ချုန်းသံ​သည် လေပွေ​၌​ပါ​၍ လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို​လင်းလက်​စေ​ပါ​၏​။ ကမ္ဘာမြေကြီး​သည် တုန်ခါ​လှုပ်ရမ်း​ပါ​၏​။


အို ငါ့​လူမျိုး​တော်​၊ နားထောင်​လော့​။ ငါ​သည် သင့်​ကို​သတိပေး​မည်​။ အို အစ္စရေး​လူမျိုး​၊ သင့်​အား ငါ့​စကား​ကို​နားထောင်​စေ​လို​၏​။


ကိုယ်တော်​၏​လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို လင်းလက်​စေ​၏​။ ကမ္ဘာမြေကြီး​သည်​လည်း မြင်​၍​တုန်လှုပ်​၏​။


သူ​တို့​သည် တတိယ​နေ့​၌ အဆင်သင့်​ရှိ​နေ​ရ​မည်​။ အကြောင်းမူကား တတိယ​နေ့​၌ ထာဝရဘုရား​သည် လူ​အပေါင်း​တို့​၏​မျက်မှောက်​၊ သိနာ​တောင်​ပေါ်သို့ ကြွဆင်း​တော်မူ​မည်​။


မောရှေ​က လူ​တို့​အား “​တတိယ​နေ့​၌ အသင့်ပြင်ဆင်​ထား​ကြ​လော့​။ မိန်းမ​ကို​မ​ချဉ်းကပ်​ကြ​နှင့်​”​ဟု ဆို​လေ​၏​။


မောရှေ​သည်​လည်း လူ​တို့​ကို ဘုရားသခင်​နှင့်​တွေ့ဆုံ​စေရန် စခန်း​ထဲမှ ခေါ်ထုတ်​လာ​သဖြင့် သူ​တို့​သည် တောင်​ခြေ​၌​ရပ်​နေ​ကြ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သင်​နှင့်​ငါ​ပြော​သော​စကား​ကို လူ​တို့​ကြား​၍ သင့်​ကို အစဉ်အမြဲ​ယုံ​ကြ​စေရန် ငါ​သည် သင့်​ထံသို့​မိုးတိမ်​တိုက်​ဖြင့်​ကြွလာ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ကြားလျှောက်​လေ​၏​။


လူ​အပေါင်း​တို့​သည် မိုးချုန်းသံ​များ​နှင့်​တံပိုးမှုတ်သံ​ကို​ကြား​၍ လျှပ်စီး​များ​နှင့်​မီးခိုး​ထွက်​နေ​သော​တောင်​ကို တွေ့မြင်​ကြ​သောအခါ လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​၍ အဝေး​၌​ရပ်​လျက်​နေ​ကြ​၏​။


မောရှေ​သည် ဘုရားသခင်​ရှိ​ရာ​အမှောင်ထု​သို့ ချဉ်းကပ်​သောအခါ လူ​တို့​သည် အဝေး​၌​ရပ်​နေ​ကြ​၏​။


ထိုအခါ မိုးတိမ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို​ဖုံးလွှမ်း​၍ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ဖြင့်​ပြည့်​လေ​၏​။


ထိုအခါ မောရှေ​သည် မိမိ​၏​တောင်ဝှေး​ကို မိုးကောင်းကင်​သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကို လွှတ်​တော်မူ​၏​။ မီး​သည်​လည်း မြေ​ပေါ်သို့​ကျလာ​၏​။ ထာဝရဘုရား​သည် အီဂျစ်​ပြည်​အပေါ်​သို့ မိုးသီး​ကို ရွာကျ​စေ​တော်မူ​၏​။


သင်​တို့​သည် ငါ့​ကို မ​ကြောက်ရွံ့​ကြ​သလော​။ ငါ့​ရှေ့​၌​မ​တုန်လှုပ်​ကြ​သလော​။ ပင်လယ်​ရေ​မ​ကျော်လွန်​နိုင်​အောင် သဲ​နယ်နိမိတ်​ကို အရံအတား​အဖြစ် ငါ​နေရာချ​ထား​၏​။ ပင်လယ်​သည် ဟုန်းဟုန်းမြည်​သော်လည်း နယ်နိမိတ်​ကို​မ​ကျော်​နိုင်​။ လှိုင်းတံပိုး​ထ​သော်လည်း နယ်နိမိတ်​ကို မ​လွှမ်းမိုး​နိုင်​။


ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ တန်ခိုး​ကြီး​သော​ဘုရား​၊ အပြစ်​ရှိ​သူ​ကို အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လေပွေ​နှင့် မိုးသက်မုန်တိုင်း​အလယ်​တွင် ကြွမြန်း​တော်မူ​၏​။ မိုးတိမ်​တို့​သည် ခြေ​တော်​အောက်​၌ မြေမှုန့်​ကဲ့သို့​ဖြစ်​၏​။


ထို့နောက် လူ့သား​သည် ကျယ်လောင်​သော​တံပိုးမှုတ်သံ​နှင့်အတူ မိမိ​၏​ကောင်းကင်တမန်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရွေးကောက်​ထား​သော​သူ​တို့​ကို ကောင်းကင်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​ကြ​လိမ့်မည်။


ထို​အချိန်​၌ သင်​တို့​သည် မီး​ကို​ကြောက်​၍ တောင်​ပေါ်သို့​မ​တက်ဝံ့​ကြ​သောကြောင့် ငါ​သည် ထာဝရဘုရား​နှင့်​သင်​တို့​ကြား၌ ရပ်​လျက် ထာဝရဘုရား​၏​စကား​တော်​ကို သင်​တို့​အား ပြန်​ပြောပြ​ခဲ့​၏​။ မိန့်​တော်မူ​သော​စကား​မှာ


ထို​မြင်ကွင်း​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​သဖြင့် မောရှေ​က “ငါ​သည် အလွန်​ကြောက်ရွံ့​လျက် တုန်လှုပ်​နေ​၏”​ဟု ဆို​လေ​၏။


သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။


ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။


ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ဖွင့်​ထား​သည့်​တံခါး​တစ်​ခု​ရှိ​၏။ ထိုအခါ ပထမ​ဦးစွာ ငါ့​အား​မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​သည့်​တံပိုးခရာသံ​ကဲ့သို့​သော​အသံ​က“ဤ​အရပ်​သို့​တက်​လာ​လော့။ ဤ​အဖြစ်အပျက်​များ​နောက်တွင် ဖြစ်ပျက်​ရ​မည့်​အရာ​တို့​ကို သင့်​အား ငါ​ပြ​မည်”​ဟု ဆို​၏။


ပလ္လင်​တော်​အထဲမှ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လေ​၏။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​သော မီးခွက်​ခုနစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်လောင်​လျက်​ရှိ​၏။


ထို့နောက် ထို​ကောင်းကင်​တမန်​သည် နံ့သာ​ပူဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီးလျှင် မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​ရာ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ ဖြစ်ပေါ်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ