ဟေရှာယ 49:18 - မြန်မာ့စံမီသမ္မာကျမ်း
18 ပတ်ပတ်လည်သို့ မျှော်ကြည့်လော့။ သူတို့အားလုံးသည် စုရုံး၍ သင့်ထံသို့လာကြပြီ။ ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ သင်သည် သူတို့အားလုံးကို အဆင်တန်ဆာကဲ့သို့ ဝတ်ဆင်လိမ့်မည်။ သတို့သမီးကဲ့သို့ ဆင်မြန်းလိမ့်မည်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။ သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊ သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့် မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏ အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်းတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်သည် တင့်တယ်သောအဝတ်ကို ဝတ်သကဲ့သို့၊ ဤသူအပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည်နည်းတူ တန်ဆာဆင်လိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ