မြည်တမ်းစကား 3:26 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ကယ်တင်ခြင်းကို ငြိမ်ဝပ်စွာမျှော်လင့်စောင့်စားသောသူသည် ကောင်းကျိုးကို ခံစားရ၏။ Common Language Bible သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ ကယ် တင် ခြင်း ကျေး ဇူး တော် ကို ဆိတ် ဆိတ် တောင့် တ သော သူ သည်၊ ကောင်း ကျိုး ခံ စား ရ၏။ Judson Bible ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏။ |
ဤတိုက်ပွဲကို သင်တို့တိုက်စရာမလို။ ခိုင်မာစွာရပ်တည်၍ ထာဝရဘုရား သင်တို့ကိုမည်သို့ ကယ်တင်မည်ကို စောင့်ကြည့်ကြလော့။ အို ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု မိန့်တော်မူ၏။ မနက်ဖြန်နေ့တွင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ စစ်ချီထွက်လော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ၏”ဟု မိန့်ဆို၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကို စောင့်မျှော်၍ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ကယ်တင်ခြင်းကို အကျွန်ုပ်စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။
ငါသည် ထာဝရဘုရားကို စောင့်မျှော်၏။ ငါ၏စိတ်ဝိညာဉ်သည် စောင့်မျှော်၏။ ငါသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစား၏။
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
အကျွန်ုပ်သည် ကိုယ်တော်ပြုသောအမှုအတွက် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။ နာမတော်ကိုလည်း စောင့်မျှော်လျက်နေပါမည်။ အကြောင်းမူကား ထိုအမှုသည် ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့တွင် ကောင်းမြတ်ပေ၏။
အကျွန်ုပ်သည် စေတနာ့ပူဇော်သက္ကာကို ကိုယ်တော်အား ပူဇော်ပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ကောင်းမြတ်ပါ၏။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
အို အမြင့်ဆုံးသောအရှင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းခြင်းသည်လည်းကောင်း၊
မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။
ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
အကယ်စင်စစ် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဘုရားရှင်ထာဝရဘုရားက “သင်တို့သည် နောင်တရ၍ ငြိမ်းချမ်းစွာနေလျှင် ကယ်တင်ခြင်းခံရမည်။ ငြိမ်ဝပ်ခြင်းသည် သင်တို့၏ခွန်အား၊ ယုံကြည်ခြင်းသည် သင်တို့၏ခွန်အားဖြစ်မည်”ဟု မိန့်တော်မူ၏။ သို့သော် သင်တို့သည် ထိုသို့ အလိုမရှိကြ။
အီဂျစ်ပြည်၏အကူအညီသည် အချည်းနှီးသက်သက်ဖြစ်၏။ ထို့ကြောင့် ထိုပြည်ကို ရာဟပ်ဟိမ်ရှာဗက်ဟု ငါခေါ်ဝေါ်၏။
‘သတိပြုလျက် ငြိမ်ဝပ်စွာနေလော့။ မီးခိုးထွက်နေသောထင်းစနှစ်ခုနှင့်တူသော ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားတို့ ပြင်းစွာအမျက်ထွက်သည်ကို မကြောက်နှင့်။ စိတ်မပျက်နှင့်။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။
ထို့ကြောင့် ကြီးမြတ်သောအကျိုးကျေးဇူးရှိသည့် သင်တို့၏ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ကြနှင့်။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။