ဆာလံ 52:9 - မြန်မာ့စံမီသမ္မာကျမ်း9 အကျွန်ုပ်သည် ကိုယ်တော်ပြုသောအမှုအတွက် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။ နာမတော်ကိုလည်း စောင့်မျှော်လျက်နေပါမည်။ အကြောင်းမူကား ထိုအမှုသည် ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့တွင် ကောင်းမြတ်ပေ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက် ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကို ကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible9 ထို သို့ စီ ရင် တော် မူ သော ကြောင့်၊ ကိုယ် တော် ကို ကာ လ အ စဉ် ချီး မွမ်း ပါ မည်။ ကောင်း မြတ် တော် မူ သော ကြောင့်၊ ကြည် ညို သူ တို့ ရှေ့၊ နာ မ တော် ကို စောင့် မျှော် လျက် နေ ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible9 ကိုယ်တော် စီရင်တော်မူသောကြောင့်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့မှာ နာမတော်ကိုမျှော်လင့်ပါမည်။ အခန်းကိုကြည့်ပါ။ |