ဗျာဒိတ် 8:5 - မြန်မာ့စံမီသမ္မာကျမ်း
ထို့နောက် ထိုကောင်းကင်တမန်သည် နံ့သာပူဇော်ရာခွက်ကိုယူ၍ ၎င်းကို ယဇ်ပလ္လင်၏မီးနှင့်ပြည့်စေပြီးလျှင် မြေကြီးပေါ်သို့ပစ်ချလိုက်ရာ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လေ၏။
အခန်းကိုကြည့်ပါ။
ထိုနောက်ကောင်းကင်တမန်သည်လင်ပန်းကို ယူပြီးလျှင် ယဇ်ပလ္လင်ကမီးကိုထည့်၍ကမ္ဘာ မြေပေါ်သို့ပစ်ချလိုက်၏။ ထိုအခါမိုးကြိုး ထစ်ချုန်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက် ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ လေသည်။
အခန်းကိုကြည့်ပါ။
စေ တ မန် တော် သည် မီး ကျီး ခံ ကိုင် လျက် ပူ ဇော် ရာ ပ လ္လင် တော် ရှိ မီ ကျီး အ ပြည့် ထည့် သည့် ပြင် မြေ ပေါ် သို့ ပစ် လိုက် သ ဖြင့် မိုး ချုန်း ခြင်း၊ ထစ် ခြင်း၊ လျှပ် ပျက် ခြင်း၊ င လျင် လှုပ် ခြင်း များ ဖြစ် လေ ၏။
အခန်းကိုကြည့်ပါ။
ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။
အခန်းကိုကြည့်ပါ။
ထို့နောက်ကောင်းကင်တမန်သည် ယဇ်ပလ္လင်ပေါ်မှ မီးကို အမွှေးနံ့သာပူဇော်ရာခွက်ထဲသို့ ထည့်၍ ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်ရာ မိုးခြိမ်းခြင်း၊ အသံမြည်ဟည်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ၏။
အခန်းကိုကြည့်ပါ။