ဝတ်ပြု 16:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်ပေါ်မှ မီးခဲများကို မီးကျီးခံဗန်းနှင့်အပြည့်၊ အမွှေးနံ့သာပေါင်းအမှုန့်ကို လက်ခုပ်နှင့်အပြည့်ယူ၍ ကန့်လန့်ကာ၏အတွင်းဘက်သို့ ယူဆောင်လာရမည်။ အခန်းကိုကြည့်ပါ။Common Language Bible12 ယဇ်ပလ္လင်မှမီးခဲများကိုမီးကျီးခံလင်ပန်း ၌ အပြည့်ထည့်၍နံ့သာမှုန့်လက်နှစ်ဆုပ်ကို ယူပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ထာ ဝ ရ ဘု ရား ရှေ့ တော် ရှိ ပူ ဇော် ရာ ပ လ္လင် တော်၌ မီး ကျီး အ ပြည့် ထည့် သော မီး ကျီး ခံ နှင့် တ ကွ နံ့ သာ ထင်း မုန့် တစ် လက် ခုပ် ကို ကန့် လန့် ကာ အ တွင်း သို့ ဆောင် ယူ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်မီးခဲနှင့် ပြည့်သော လင်ပန်းကိုကိုင်လျက်၊ ညက်စွာသော နံ့သာပေါင်းမွှေးအမှုန့်ကို မိမိလက်၌အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောရှေက အာရုန်အား “မီးကျီးခံဗန်းကိုယူ၍ ယဇ်ပလ္လင်ပေါ်ရှိမီးကို ထိုဗန်းထဲသို့ထည့်ပြီးလျှင် နံ့သာပေါင်းကိုတင်လော့။ လူထုထံသို့အလျင်အမြန်ယူသွား၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုပေးလော့။ ထာဝရဘုရားထံမှ အမျက်တော်ထွက်သဖြင့် ဘေးဒဏ်ကျရောက်စပြုလေပြီ”ဟု ဆို၏။
သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။