နေဟမိ 3:25 - မြန်မာ့စံမီသမ္မာကျမ်း ဥဇဲ၏သားပါလလသည် ထောင့်ချိုးနှင့်မျက်နှာချင်းဆိုင်အပိုင်းနှင့် ထောင်ဝင်းအနီး ဘုရင့်အထက်နန်းတော်ရှိ ထိုးထွက်နေသောမျှော်စင်ကို ပြုပြင်၏။ သူ၏ဘေးတွင် ပါရုတ်၏သားပေဒါယ ပြုပြင်၏။ Common Language Bible ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။ ပါရုပ်၏သားပေဒါယသည်နောက်တစ်ပိုင်း ကို အရှေ့ဘက်ရှိရေတံခါးနှင့်ဗိမာန်တော် အစောင့်ပြအိုးအနီးသို့တိုင်အောင်တည် ဆောက်လေသည်။ (ဤနေရာသည်ဗိမာန်တော် အလုပ်သမားများနေထိုင်ရာ ယေရုရှလင် မြို့ရှိသြဖေလဟုနာမည်တွင်သော ရပ်ကွက်တွင်ရှိသတည်း။) Garrad Bible မြို့ ရိုး ထောင့် နှင့် တ ကွ၊ ထောင့် ဝင်း အ နီး၊ နန်း မြင့် ရှေ့၊ အ ငူ ပြ အိုး ကို၊ ဥ ဇဲ သား ပါ လ လ၊ ၎င်း အ စပ်၊ ပါ ရုတ် သား ပေ ဒါ ယ တို့ ပြင် ဆင်၏။ Judson Bible ဥဇဲသား ပါလလသည် မြို့ရိုးကွေ့ရာ တစ်ဖက်တစ်ချက်ကိုလည်းကောင်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာရှိသော ပြအိုးကိုလည်းကောင်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။ |
ထိုမှ ဧဖရိမ်တံခါး၊ ယေရှနတံခါး၊ ငါးတံခါး၊ ဟာနနေလရဲတိုက်၊ မေအာရဲတိုက်၊ သိုးတံခါး တို့ကိုဖြတ်၍ ထောင်တံခါးသို့ရောက်သောအခါ ရပ်ကြ၏။
ကျမ်းဖတ်ရန်အတွက် သူတို့ပြုလုပ်ထားသော သစ်သားစင်မြင့်ပေါ်တွင် ကျမ်းပြုဆရာဧဇရ ရပ်၏။ သူ၏လက်ယာဘက်ဘေးတွင် မတ္တိသိ၊ ရှေမာ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့ ရပ်နေ၍ သူ၏လက်ဝဲဘက်ဘေးတွင် ပေဒါယ၊ မိရှေလ၊ မာလခိယ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့ ရပ်နေ၏။
‘ငါ့အတွက် ကြီးမားသောနန်းတော်၊ ကျယ်ဝန်းသောဘုံဗိမာန်များကို တည်ဆောက်မည်။ ပြတင်းပေါက်များကိုဖောက်၍ သစ်ကတိုးနှင့်အကွက်ဖော်ပြီးလျှင် အနီရောင်သုတ်မည်’ဟု ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ထိုအချိန်သည် ဘေဘီလုံဘုရင်၏စစ်သည်တို့ ဂျေရုဆလင်မြို့ကို ဝိုင်းထားကြသောအချိန်၊ ပရောဖက်ယေရမိသည်လည်း ယုဒဘုရင်၏နန်းတော်ရှိထောင်ဝင်းထဲတွင် ချုပ်နှောင်ထားခြင်းခံနေရသောအချိန်ဖြစ်၏။
ထောင်ဝင်းထဲ၌ ယေရမိချုပ်နှောင်ထားခြင်းခံနေရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ ဒုတိယအကြိမ်ရောက်လာ၍
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။
ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။
အို ဧဒါမျှော်စင် ဇိအုန်သမီးပျိုနေရာတောင်ကုန်း၊ အုပ်စိုးမှုအာဏာသည် ယခင်ကကဲ့သို့ပင် သင့်ထံပြန်လာလိမ့်မည်။ ဂျေရုဆလင်သမီးပျိုထံသို့ နိုင်ငံတော်ပြန်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။