နေဟမိ 3:25 - Common Language Bible25-26 ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။ ပါရုပ်၏သားပေဒါယသည်နောက်တစ်ပိုင်း ကို အရှေ့ဘက်ရှိရေတံခါးနှင့်ဗိမာန်တော် အစောင့်ပြအိုးအနီးသို့တိုင်အောင်တည် ဆောက်လေသည်။ (ဤနေရာသည်ဗိမာန်တော် အလုပ်သမားများနေထိုင်ရာ ယေရုရှလင် မြို့ရှိသြဖေလဟုနာမည်တွင်သော ရပ်ကွက်တွင်ရှိသတည်း။) အခန်းကိုကြည့်ပါ။Garrad Bible25 မြို့ ရိုး ထောင့် နှင့် တ ကွ၊ ထောင့် ဝင်း အ နီး၊ နန်း မြင့် ရှေ့၊ အ ငူ ပြ အိုး ကို၊ ဥ ဇဲ သား ပါ လ လ၊ ၎င်း အ စပ်၊ ပါ ရုတ် သား ပေ ဒါ ယ တို့ ပြင် ဆင်၏။ အခန်းကိုကြည့်ပါ။Judson Bible25 ဥဇဲသား ပါလလသည် မြို့ရိုးကွေ့ရာ တစ်ဖက်တစ်ချက်ကိုလည်းကောင်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာရှိသော ပြအိုးကိုလည်းကောင်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ဥဇဲ၏သားပါလလသည် ထောင့်ချိုးနှင့်မျက်နှာချင်းဆိုင်အပိုင်းနှင့် ထောင်ဝင်းအနီး ဘုရင့်အထက်နန်းတော်ရှိ ထိုးထွက်နေသောမျှော်စင်ကို ပြုပြင်၏။ သူ၏ဘေးတွင် ပါရုတ်၏သားပေဒါယ ပြုပြင်၏။ အခန်းကိုကြည့်ပါ။ |
ပါရုတ်သားချင်းမှ ၂၁၇၂ ရှေဖတိသားချင်းစုမှ ၃၇၂ အာရာသားချင်းစုမှ ၇၇၅ ပါဟတ်မောဘသားချင်းစု (ယောရှုနှင့်ယွာဘတို့၏မြေးများ) ၂၈၁၂ ဧလံသားချင်းစုမှ ၁၂၅၄ ဇတ္တုသားချင်းစုမှ ၉၄၅ ဇက္ခဲသားချင်းစုမှ ၇၆၀ ဗာနိသားချင်းစုမှ ၆၄၂ ဗေဗဲသားချင်းစုမှ ၆၂၃ အာဇဂဒ်သားချင်းစုမှ ၁၂၂၂ အဒေါနိကံသားချင်းစုမှ ၆၆၆ ဗိဂဝဲသားချင်းစုမှ ၂၀၅၆ အာဒိန်သားချင်းစုမှ ၄၅၄ အာတာဟုလည်းကောင်းနာမည်တွင်သည့် ဟဇကိသားချင်းစုမှ ၉၈ ဗေဇဲသားချင်းစုမှ ၃၂၃ ယောရသားချင်းစုမှ ၁၁၂ ဟာရှုံသားချင်းစုမှ ၂၂၃ ဂိဗ္ဗာသားချင်းစုမှ ၉၅
ဧဇရသည်ထိုအချိန်အခါအတွက်ဆောက် လုပ်ထားသောသစ်သားစင်မြင့်ပေါ်တွင်ရပ် ၍ ပညတ်ကျမ်းကိုဖတ်လေသည်။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိနှင့်မာသေယတို့ သည်သူ၏လက်ယာဘက်၌လည်းကောင်း၊ ပေဒါ ယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိနှင့်မေရှုလံတို့သည်လက်ဝဲဘက်၌ လည်းကောင်းရပ်လျက်နေကြ၏။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူလူဦးရေစာရင်းမှာသားချင်းစုအလိုက်အောက်ပါအတိုင်းဖြစ်၏။ သားချင်းစု ဦးရေ ပါရုတ် ၂၁၇၂ ရှေဖတိ ၃၇၂ အာရာ ၆၅၂ ပါဟတ်မောဘ (ယောရှုနှင့်ယွာဘတို့၏ သားမြေးများ) ၂၈၁၈ ဧလံ ၁၂၅၄ ဇတ္တု ၈၄၅ ဇက္ခဲ ၇၆၀ ဗိနွိ ၆၄၈ ဗေဗဲ ၆၂၈ အာဇဂဒ် ၂၃၂၂ အဒေါနိကံ ၆၆၇ ဗိဂဝဲ ၂၀၆၇ အာဒိန် ၆၅၅ (ဟေဇကိဟုလည်းနာမည်တွင်သော) အာတာဦးရေ ၉၈ ဟာရှုံ ၃၂၈ ဗေဇဲ ၃၂၄ ဟာရိပ် ၁၁၂ ဂိဗောင် ၉၅