Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 38:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဤသို့ဖြင့် သူ​တို့​သည် ယေရမိ​အား ကြိုး​ဖြင့် တွင်း​ထဲမှ​ဆွဲ​တင်​ကြ​၏​။ ယေရမိ​လည်း ထောင်ဝင်း​ထဲ၌​နေ​ရ​ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထို​နောက်​သူ​တို့​သည်​ငါ့​အား​ကြိုး​များ​ဖြင့် ဆွဲ​၍​ရေ​တွင်း​ထဲ​မှ​ကယ်​ဆယ်​လိုက်​ကြ​၏။ ထို​နောက်​ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ နေ​ရ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ယေ ရ မိ လိုက် နာ၍ ရေ တွင်း ထဲ က ကြိုး ဖြင့် ဆွဲ တင် ကြ ပြီး မှ၊ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း၊ ယေ ရ မိ နေ ရ ပြန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​သို့​ယေ​ရ​မိ​ကို မြေ​တွင်း​ထဲ​က ကြိုး​နှင့်​ဆွဲ​တင်​ကြ၏။ ထို​နောက် ယေ​ရ​မိ​သည်​ထောင်​ဝင်း​ထဲ​မှာ နေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:13
17 ပူးပေါင်းရင်းမြစ်များ  

မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။


‘​ငါ ဘေးကင်း​စွာ​ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်ချ​ထား​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟူ၍ ရှင်ဘုရင်​အမိန့်ပေး​ကြောင်း​ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။


ဥဇဲ​၏​သား​ပါလလ​သည် ထောင့်ချိုး​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​နှင့် ထောင်ဝင်း​အနီး ဘုရင့်​အထက်​နန်းတော်​ရှိ ထိုးထွက်​နေ​သော​မျှော်စင်​ကို ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ပါရုတ်​၏​သား​ပေဒါယ ပြုပြင်​၏​။


သွေးဆာ​သော​သူ​တို့​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို​မုန်း​၍ ဖြောင့်မှန်​သော​သူ​၏​အသက်​ကို​သတ်​ရန် ရှာကြံ​တတ်​ကြ​၏​။


ထိုအခါ မှူးမတ်​တို့​နှင့် ပြည်သူပြည်သား​တို့​က ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​ဤ​သူ​သည် ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ငါ​တို့​အား ဟောပြော​သည်​ဖြစ်၍ သေဒဏ်​မ​ခံထိုက်​ပါ​”​ဟု ဆို​ကြ​၏​။


ထို​အချိန်​သည် ဘေဘီလုံ​ဘုရင်​၏​စစ်သည်​တို့ ဂျေရုဆလင်​မြို့​ကို ဝိုင်း​ထား​ကြ​သော​အချိန်​၊ ပရောဖက်​ယေရမိ​သည်​လည်း ယုဒ​ဘုရင်​၏​နန်းတော်​ရှိ​ထောင်ဝင်း​ထဲတွင် ချုပ်နှောင်​ထား​ခြင်း​ခံ​နေ​ရ​သော​အချိန်​ဖြစ်​၏​။


ထို့နောက် ဇေဒကိ​မင်းကြီး​၏​အမိန့်​တော်​ဖြင့် ယေရမိ​ကို ထောင်ဝင်း​ထဲ၌ ထား​ကြ​၏​။ မြို့​ထဲရှိ မုန့်​များ​မ​ရှိ​တော့​သည်​အထိ သူ့​အား မုန့်ဖုတ်တန်း​မှ မုန့်​တစ်​လုံး​ကို နေ့စဉ်​ပေး​ရ​၏​။ ဤသို့ ယေရမိ​သည် ထောင်ဝင်း​ထဲ၌ နေ​ရ​လေ​၏​။


ထိုအခါ အီသီယိုးပီးယား​အမျိုးသား ဧဗဒမေလက်​က ယေရမိ​အား “​ဤ​အဝတ်ဟောင်း​အဝတ်စုတ်​တို့​ကို သင့်​ချိုင်း​နှင့် ကြိုး​အကြား​၌ ခံထား​လော့​”​ဟု ပြော​သည့်​အတိုင်း ယေရမိ​ပြု​လေ​၏​။


ယေရမိ​သည် ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သည့်​နေ့​တိုင်အောင် ထောင်ဝင်း​ထဲတွင်​နေ​ရ​၏​။ ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သော​အချိန်​၌ သူ​သည် ထောင်ဝင်း​ထဲတွင်​ရှိ​နေ​၏​။


ထို့ကြောင့် သူ​တို့​သည် ယေရမိ​ကို​ခေါ်သွား​၍ ထောင်ဝင်း​အတွင်း​ရှိ ဘုရင့်​သား​တော်​မာလခိယ​၏​ရေတွင်း​ထဲသို့ ကြိုး​ဖြင့်​လျှောချ​ကြ​၏​။ ရေတွင်း​ထဲတွင် ရေ​မ​ရှိ​၊ ရွှံ့​သာ​ရှိ​သဖြင့် ယေရမိ​သည် ရွှံ့​ထဲ​နစ်​လေ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​၏​အသက်​ကို ရွေးနုတ်​တော်မူ​ပါ​ပြီ​။


“သင့်​ကို​စွပ်စွဲ​သော​သူ​များ​ရောက်လာ​ကြ​သောအခါ သင့်​အမှု​ကို ငါ​ကြားနာ​မည်”​ဟု ဆို​လျက် ပေါလု​ကို ဟေရုဒ်​မင်း​၏​ရုံးတော်​တွင် စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​လေ​၏။


နှစ်​နှစ်​ကြာ​ပြီးနောက် ပေါကိ​ဖေတ္တု​မင်း​သည် ဖေလဇ်​မင်း​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏။ ဖေလဇ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား ကျေးဇူးပြု​လို​၍ ပေါလု​ကို​အကျဉ်းချ​ထားရစ်​ခဲ့​လေ​၏။


ရောမ​မြို့​သို့​ဝင်​ကြ​သောအခါ ပေါလု​သည် သူ့​ကို​စောင့်ကြပ်​သည့် စစ်သား​နှင့်အတူ သီးသန့်​နေ​ခွင့်​ကို​ရ​လေ​၏။


ထို့နောက် ပေါလု​သည် နှစ်​နှစ်​ပတ်လုံး မိမိ​ငှားရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိမိ​ထံသို့​လာ​သော​သူ​အပေါင်း​တို့​ကို ကြိုဆို​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ