Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မိက္ခာ 4:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အို ဧဒါ​မျှော်စင် ဇိအုန်​သမီးပျို​နေရာ​တောင်ကုန်း​၊ အုပ်စိုးမှု​အာဏာ​သည် ယခင်က​ကဲ့သို့ပင် သင့်​ထံ​ပြန်လာ​လိမ့်မည်​။ ဂျေရုဆလင်​သမီးပျို​ထံသို့ နိုင်ငံ​တော်​ပြန်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ဘု​ရား​သ​ခင်​သည်​လင့်​စင်​မှ​မိ​မိ​၏​လူ​မျိုး တော်​ကို သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက်​တော်​မူ ရာ​ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​နိုင်​ငံ​တော် ၏​မြို့​တော်​ဖြစ်​ခဲ့​ဖူး​သ​ကဲ့​သို့ ယ​ခု​တစ်​ဖန် မြို့​တော်​ဖြစ်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သိုး အုပ် တော့် ဆိုင် ရာ မျှော် စင် ဖြစ် သော၊ အို သ တို့ သ မီး ယေ ရု ရှ လင် ကုန်း ယ မန် ရ သော အုပ် စိုး ခွင့်၊ သ တို့ သ မီး ယေ ရု ရှ လင် ၏ အာ ဏာ ပိုင် ခွင့် သည်၊ သင့် ထံ ရောက် ပြန် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အို ဧ​ဒါ​လင့်​စင်၊ ဇိ​အုန်​သ​တို့​သ​မီး နေ​ရာ​ကုန်း၊ သင်​သည် အ​စိုး​ရ​လိမ့်​မည်။ အ​ရင်​တည်​သော အာ​ဏာ​တည်​ပြန်​လိမ့်​မည်။ နိုင်​ငံ​တော်​သည် ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​လက်​သို့ တစ်​ဖန်​ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိက္ခာ 4:8
23 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အစ္စရေး​သည် ခရီးပြု​၍ ဧဒါ​မျှော်စင်​အလွန်​တွင် တဲ​ကို​ဆောက်​လေ​၏​။


သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။


ဥဇဲ​၏​သား​ပါလလ​သည် ထောင့်ချိုး​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​နှင့် ထောင်ဝင်း​အနီး ဘုရင့်​အထက်​နန်းတော်​ရှိ ထိုးထွက်​နေ​သော​မျှော်စင်​ကို ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ပါရုတ်​၏​သား​ပေဒါယ ပြုပြင်​၏​။


အချင်း​တံခါး​တို့​၊ သင်​တို့​၏​မုခ်ဦး​ကို​ကြွ​လိုက်​ကြ​လော့​။ အချင်း​ထာဝရ​တံခါး​တို့​၊ ကိုယ်ကို​ကြွ​လိုက်​ကြ​လော့​။ ဘုန်းကြီး​သော​ဘုရင်​ဝင်​တော်မူ​မည်​။


ဘုရားသခင်​သည် ထို​မြို့​၏​ခံတပ်​များ​တွင် ခိုကိုး​ရာ​ဖြစ်ကြောင်း မိမိကိုယ်ကို​ထင်ရှား​စေ​တော်မူ​၏​။


အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​၊ ရန်သူ့​ရှေ့​မှာ ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​တော်မူ​၏​။


သင့်​လည်တိုင်​သည်​လည်း ကျောက်​များ​ဖြင့်​စီတန်း​ဆောက်လုပ်​ထား​သော ဒါဝိဒ်​မင်းကြီး​၏​ရဲတိုက်​နှင့် တူ​ပါ​၏​။ ထို​ရဲတိုက်​တွင် ဒိုင်းလွှား​အခု​တစ်ထောင် ချိတ်ဆွဲ​ထား​ပြီး ဒိုင်းလွှား​တစ်ခုစီ​သည် စစ်သူရဲ​တို့ ကိုင်ဆောင်​သော​ဒိုင်းလွှား​များ​ဖြစ်​၏​။


သင်​၏​တရားသူကြီး​တို့​ကို ယခင်​က​ကဲ့သို့​၊ သင်​၏​အကြံပေးသူ​တို့​ကို မူလအစ​က​ကဲ့သို့ ပြန်လည်​ခန့်ထား​မည်​။ သို့ပြီးမှ သင်​၏​မြို့​ကို ဖြောင့်မတ်​သော​မြို့​၊ သစ္စာရှိ​သော​မြို့​ဟု ခေါ်ဝေါ်​ကြ​မည်​”​ဟု မိန့်​တော်မူ​၏​။


ယနေ့​တွင် နောဗ​မြို့​၌​ရပ်နား​ကြ​၏​။ ဇိအုန်​သမီး​၏​တောင်​ဖြစ်​သော ဂျေရုဆလင်​တောင်ကုန်း​ကို လက်သီး​ထောင်ပြ​ကြ​၏​။


သူ​သည် မြေ​ကို​တူးဆွ​၍ ကျောက်ခဲ​တို့​ကို​ရှင်းလင်း​ပြီးမှ အကောင်းဆုံး​စပျစ်ပင်​ကို​စိုက်​၏​။ ထို​ခြံ​အလယ်​တွင် လင့်စင်​တစ်​ခု​ကို​ဆောက်​ပြီး စပျစ်သီးနယ်ရာကျင်း​ကို​လည်း တူး​၏​။ သူ​သည် ကောင်း​သော​စပျစ်သီး သီး​လာ​ရန် စောင့်မျှော်​ခဲ့​သော်လည်း စပျစ်သီး​အရိုင်း​များ​သာ သီး​ပါ​သည်​တကား​။


ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။


သို့သော် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​တို့​က​သာလျှင် နိုင်ငံ​တော်​ကို သိမ်းယူ​ကြ​လိမ့်မည်​။ ထို​နိုင်ငံ​ကို ကာလ​အစဉ်အဆက်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟု ငါ့​အား ပြောပြ​၏​။


ကယ်တင်​မည့်​သူ​တို့​သည် ဧသော​တောင်​ကို အုပ်စိုး​ရန် ဇိအုန်​တောင်​ပေါ်သို့​တက်လာ​လိမ့်မည်​။ ထို​နိုင်ငံ​သည် ထာဝရဘုရား​၏​နိုင်ငံ​တော် ဖြစ်​မည်​။


အို ယာကုပ်​အမျိုး​၊ သင်​တို့​အားလုံး​ကို ငါ​ဧကန်အမှန်​စုသိမ်း​မည်​။ ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​ကို ငါ​ဧကန်အမှန်​ပြန်လည်​စုစည်း​မည်​။ သိုးခြံ​ထဲမှ​သိုးအုပ်​ကဲ့သို့​၊ စားကျက်မြေ​ထဲမှ သိုးစု​ကဲ့သို့ တစ်စုတစ်စည်း​တည်း​ဖြစ်​စေ​မည်​။ လူ​များ​သဖြင့် ဆူညံ​နေ​လိမ့်မည်​။


ဧဖရိမ်​ပြည်​၏​စစ်ရထား​၊ ဂျေရုဆလင်​မြို့​၏​မြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ စစ်​လေးလက်နက်​တို့​သည်​လည်း ကျိုးပဲ့​ကုန်​လိမ့်မည်​။ ရှင်ဘုရင်​သည် လူမျိုးတကာ​တို့​ကို ငြိမ်းချမ်းရေး​သတင်းစကား​ပြောကြား​လိမ့်မည်​။ သူ​၏​အုပ်စိုးမှု​အာဏာစက်​သည် တစ်​ပင်လယ်​မှ တစ်​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ ယူဖရေးတီး​မြစ်​မှ မြေကြီး​စွန်း​တိုင်အောင်​လည်းကောင်း ရောက်​လိမ့်မည်​။


မျှော်လင့်စရာ​ရှိ​သော အကျဉ်းသား​တို့​၊ ခံတပ်​သို့​ပြန်လာ​ကြ​လော့​။ သင်​တို့​ကို နှစ်ဆ​သော​အကျိုး​ပေး​မည်​ဟု ယနေ့​ပင် ငါ​ဆို​ပြီ​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


ယာကုပ်​အမျိုး​ထဲမှ အုပ်စိုး​သူ​တစ်​ယောက် ပေါ်ထွက်​လာ​၍ မြို့​ထဲမှ​အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ဖျက်ဆီး​လိမ့်မည်​”​ဟု ဆို​၏​။


အခြား​သော​ပုံ​ဥပမာ​ကို နားထောင်​ကြ​လော့။ ခြံ​ပိုင်ရှင်​တစ်​ဦး​ရှိ​၏။ သူ​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် ခြံ​ထဲတွင် စပျစ်သီး​နယ်ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။


ထို့နောက် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် စပျစ်သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။


ခပ်သိမ်း​သော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်​နှင့် မျက်မှောက်​ကာလ​၌​သာမက တမလွန်​ကာလ​၌​လည်း ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သည့် ဘွဲ့​နာမ​ရှိသမျှ​တို့​၏​အပေါ် အထက်​ကောင်းကင်​အရပ်​၌ မိမိ​၏​လက်ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်မူ​၏။


ည​သည် ရှိ​တော့မည်​မ​ဟုတ်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ​တို့​အပေါ်​ထွန်းလင်း​တော်မူ​သည်​ဖြစ်၍ ဆီမီး​၏​အလင်း​နှင့်​နေ​၏​အလင်း​တို့ မ​လိုအပ်​တော့​ပေ။ သူ​တို့​သည် ကမ္ဘာ​အဆက်ဆက်​စိုးစံ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ