ယေရမိ 33:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထောင်ဝင်းထဲ၌ ယေရမိချုပ်နှောင်ထားခြင်းခံနေရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ ဒုတိယအကြိမ်ရောက်လာ၍ အခန်းကိုကြည့်ပါ။Common Language Bible1 ငါသည်ထောင်ဝင်းအတွင်းတွင်အချုပ်ခံရ လျက်ပင်ရှိနေသေးချိန်၌ ထာဝရဘုရား သည်ငါ့အားတစ်ဖန်ဗျာဒိတ်ပေးတော်မူ ပြန်၏။- အခန်းကိုကြည့်ပါ။Garrad Bible1 နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း အ ချုပ် ခံ ရ သေး သူ ယေ ရ မိ သို့၊ ဒု တိ ယ အ ကြိမ် ရောက် လာ သော ထာ ဝ ရ ဘုရား ၏ ဗျာ ဒိတ် တော် ကား။ အခန်းကိုကြည့်ပါ။Judson Bible1 ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ၍၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။