ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
နေဟမိ 12:30 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်စင်ကြယ်စေပြီးမှ လူထုများ၊ မြို့တံခါးများနှင့် မြို့ရိုးကို စင်ကြယ်စေကြ၏။ Common Language Bible ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။ Garrad Bible ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ သည်၊ ကိုယ် ကို သန့် ရှင်း စေ ပြီး လျှင်၊ လူ ပ ရိ သတ်၊ မြို့ ရိုး၊ တံ ခါး များ ပါ၊ သန့် ရှင်း စေ ကြ၏။ Judson Bible ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း၊ ကိုယ်ကိုလည်းကောင်း၊ လူများ၊ မြို့တံခါး၊ မြို့ရိုးကိုလည်းကောင်း စင်ကြယ်စေကြ၏။ |
ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
ထို့ကြောင့် ယဇ်ပုရောဟိတ်တို့နှင့် လေဝိအမျိုးတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်ရန် ကိုယ်ကိုသန့်ရှင်းစေကြ၏။
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
သူတို့အား “လေဝိအမျိုးတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ ယခုမှာ သင်တို့ကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုကြလော့။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကိုလည်း သန့်ရှင်းစေကြလော့။ ညစ်ညူးသောအရာတို့ကို သန့်ရှင်းရာဌာနတော်မှ ဖယ်ရှားပစ်ကြလော့။
ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်ရောက်လာသောအစ္စရေးအမျိုးသားတို့နှင့်အတူ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသားတို့၏ညစ်ညူးခြင်းမှ ကင်းစင်စေသောသူအပေါင်းတို့သည် ထိုအသားကို စားကြ၏။
ဂိလဂါလမြို့နှင့် ဂေဗ၊ အာဇမာဝက်နယ် တို့မှလည်းကောင်း ရောက်လာကြ၏။ သီချင်းသည်တို့သည် ဂျေရုဆလင်မြို့ဝန်းကျင်တွင် မိမိတို့နေထိုင်ရန် မြို့ရွာများကို တည်ဆောက်ထားကြ၏။
လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။
ငါသည် သူတို့ကို တိုင်းတစ်ပါးသားအပေါင်းတို့နှင့်ကင်းကင်းရှင်းရှင်းနေစေပြီးမှ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား သူတို့လုပ်ရမည့်အလုပ်အသီးသီးကို ပြန်လည်ချမှတ်ပေး၍
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။
မောရှေက လူတို့အား “တတိယနေ့၌ အသင့်ပြင်ဆင်ထားကြလော့။ မိန်းမကိုမချဉ်းကပ်ကြနှင့်”ဟု ဆိုလေ၏။
လူတို့အထဲမှ ရွေးကောက်ခြင်းခံရသောယဇ်ပုရောဟိတ်မင်းမှန်သမျှသည် အပြစ်ဖြေရာယဇ်များနှင့်ပူဇော်သက္ကာများကို လူတို့၏ကိုယ်စား ဘုရားသခင်ထံပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းခံရ၏။
ဤအကြောင်းကြောင့် သူသည် လူတို့အတွက်သာမက မိမိအတွက်ပါ အပြစ်ဖြေရာယဇ်ကိုပူဇော်ရ၏။