နေဟမိ 12:30 - Common Language Bible30 ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible30 ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ သည်၊ ကိုယ် ကို သန့် ရှင်း စေ ပြီး လျှင်၊ လူ ပ ရိ သတ်၊ မြို့ ရိုး၊ တံ ခါး များ ပါ၊ သန့် ရှင်း စေ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible30 ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း၊ ကိုယ်ကိုလည်းကောင်း၊ လူများ၊ မြို့တံခါး၊ မြို့ရိုးကိုလည်းကောင်း စင်ကြယ်စေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်စင်ကြယ်စေပြီးမှ လူထုများ၊ မြို့တံခါးများနှင့် မြို့ရိုးကို စင်ကြယ်စေကြ၏။ အခန်းကိုကြည့်ပါ။ |
ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-