Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 19:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မောရှေ​က လူ​တို့​အား “​တတိယ​နေ့​၌ အသင့်ပြင်ဆင်​ထား​ကြ​လော့​။ မိန်းမ​ကို​မ​ချဉ်းကပ်​ကြ​နှင့်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မော ရှေ က လည်း၊ တ တိ ယ နေ့ မ တိုင် မီ အ သင့် ရှိ စေ ကြ လော့။ မ ယား ကို မ ချဉ်း ကြ နှင့် ဟု လူ မျိုး အား တား မြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 19:15
16 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား “​သင်​တို့​သည် လေဝိ​အမျိုး​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ ထို့ကြောင့် ယခု သင်​တို့​ကိုယ်တိုင်​နှင့် သင်​တို့​၏​ဆွေမျိုးသားချင်း​များ​ကိုယ်တိုင် ကိုယ်​ကို​သန့်ရှင်း​စေ​ပြီး ငါ​ပြင်ဆင်​ထား​သော​နေရာ​သို့ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ကြ​လော့​။


သူ​တို့​သည် တတိယ​နေ့​၌ အဆင်သင့်​ရှိ​နေ​ရ​မည်​။ အကြောင်းမူကား တတိယ​နေ့​၌ ထာဝရဘုရား​သည် လူ​အပေါင်း​တို့​၏​မျက်မှောက်​၊ သိနာ​တောင်​ပေါ်သို့ ကြွဆင်း​တော်မူ​မည်​။


ထို့နောက် မောရှေ​သည် တောင်​ပေါ်မှ လူ​တို့​ထံသို့ ဆင်းလာ​၍ လူ​တို့​ကို​သန့်ရှင်း​စေ​၏​။ သူ​တို့​သည်​လည်း မိမိ​တို့​၏​အဝတ်အစား​များ​ကို​လျှော်​ကြ​၏​။


တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။


လူ​တို့​ကို​စုဝေး​စေ​၍ လူထုကြီး​ကို စင်ကြယ်​စေ​လော့​။ သက်ကြီးဝါကြီး​များ​ကို စုရုံး​စေ​လော့​။ နို့စို့ကလေး​မှစ၍ ကလေးငယ်​တို့​ကို စုစည်း​လော့​။ သတို့သား​ကို အခန်း​ထဲမှ​လည်းကောင်း​၊ သတို့သမီး​ကို မင်္ဂလာခန်း​မှ​လည်းကောင်း ထွက်လာ​စေ​လော့​။


ယောက်ျား​သည် မိန်းမ​နှင့်​အိပ်​၍ သုက်ရည်​ထွက်​လျှင် နှစ်​ယောက်​စလုံး ရေချိုး​ရ​မည်​။ သူ​တို့​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။


“သို့ဖြစ်၍ အစ္စရေး​လူမျိုး​တို့​၊ ထိုသို့ သင်​တို့​ကို​ငါ​စီရင်​မည်​။ ထိုသို့ သင်​တို့​ကို​ငါ​စီရင်​မည်​ဖြစ်၍ အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​၏​ဘုရားသခင်​ကို ရင်ဆိုင်​ရန် အသင့်ပြင်​ကြ​လော့​။”


တတိယ​စစ်ရထား​တွင် မြင်း​ဖြူ​များ​၊ စတုတ္ထ​စစ်ရထား​တွင် အစက်အပြောက်​ပါ​သော​အုန်းခွံရောင်​မြင်း​များ အသီးသီး​က​ထား​သည်​ကို တွေ့​ရ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ရှိ ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​အကျွန်ုပ်​သည် နှစ်ပေါင်း​များစွာ​ကပင် ပဉ္စမ​လ​တွင် အစာရှောင်​ငိုကြွေး​ခဲ့​သည့်​အတိုင်း ယခု​လည်း​ပြု​ရ​မည်လော​”​ဟု မေးလျှောက်​စေရန် စေလွှတ်​၏​။


ကိုယ်တော် ကြွလာ​မည့်​နေ့​တွင် မည်သူ​သည် ခံရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ မည်သူ​သည် ရပ်တည်​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငွေ​ကို​ချွတ်​သော​မီး​၊ အဝတ်ဖွတ်​သော​ဆပ်ပြာ နှင့်​တူ​၏​။


ထို့ကြောင့် လူ့သား​သည် သင်​တို့​မ​ထင်မှတ်​သော​အချိန်​၌ ကြွလာ​မည်​ဖြစ်၍ သင်​တို့​သည်​လည်း အသင့်​ရှိ​နေ​ကြ​လော့။


သင်​တို့​သည် ဆုတောင်း​ခြင်း​အတွက် အပြည့်အဝ​ဆက်ကပ်​နိုင်​မည့်​အကြောင်း ခေတ္တခဏ​ခွဲခွာ​ပြီးနောက် ပြန်၍​ပေါင်းသင်း​နေထိုင်​ရန် နှစ်ဦး​သဘော​တူညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အချင်းချင်း​၏​ခံစား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့မဟုတ်လျှင် စာတန်​သည် သင်​တို့​၏ မိမိကိုယ်ကို​မချုပ်တည်း​နိုင်​မှု​အပေါ် အခွင့်ကောင်း​ယူ​၍ သင်​တို့​အား ဖြားယောင်း​သွေးဆောင်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ