ဟေဗြဲ 5:1 - မြန်မာ့စံမီသမ္မာကျမ်း1 လူတို့အထဲမှ ရွေးကောက်ခြင်းခံရသောယဇ်ပုရောဟိတ်မင်းမှန်သမျှသည် အပြစ်ဖြေရာယဇ်များနှင့်ပူဇော်သက္ကာများကို လူတို့၏ကိုယ်စား ဘုရားသခင်ထံပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းခံရ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ပ ရော ဟိတ် မင်း ဆို သည် မှာ အ လှူ ဝ တ္ထု နှင့် အ ပြစ် ဖြေ ရာ သ က္ကာ များ ကို ဆက် ကပ် ရန် ဘု ရား သ ခင့် ဝေ ယျ ဝ စ္စ များ နှင့် စပ်၍ လူ တို့ အ ဖို့ ခန့် ထား သူ၊ အခန်းကိုကြည့်ပါ။Judson Bible1 လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သကာကိုလည်းကောင်း၊ အပြစ်ဖြေရာ ယဇ်ကိုလည်းကောင်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှာ ခန့်ထားတော်မူသောသူ ဖြစ်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 လူတို့ထဲမှ ဘုရားသခင်ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်းဟူသည်မှာ ပူဇော်စရာများနှင့် အပြစ်ဖြေရာယဇ်ကို လူတို့ကိုယ်စား ဘုရားသခင်အား ပူဇော်ရန် ခန့်အပ်ခံရသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် မောရှေက အာရုန်အား “ယဇ်ပလ္လင်သို့ချဉ်းကပ်လော့။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သင်၏အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်ကိုပူဇော်၍ သင့်အတွက်၊ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့။ လူတို့၏ပူဇော်သက္ကာကိုလည်း ပူဇော်၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့”ဟု ဆို၏။
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။