ဧဇရ 6:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်ရောက်လာသောအစ္စရေးအမျိုးသားတို့နှင့်အတူ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသားတို့၏ညစ်ညူးခြင်းမှ ကင်းစင်စေသောသူအပေါင်းတို့သည် ထိုအသားကို စားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ထိုယဇ်ကောင်တို့၏အသားကိုပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ ဣသရေလအမျိုးသားတို့နှင့်တကွထိုဒေသတွင်နေထိုင်လျက်ရှိသောသူတို့၏ရုပ်တုကိုးကွယ်မှုကိုစွန့်လွှတ်ကြသူများနှင့် ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန်လာကြသူအပေါင်းတို့သည်စားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 သုံ့ ဘမ်း ရာ မှ ပြန် ရ သူ တို့ နှင့်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ အံ့ သော ငှာ၊ ထို ပြည် နေ လူ မျိုး ခြား တို့ မ သန့် ရာ မှ ခွဲ ထွက် သူ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ အခန်းကိုကြည့်ပါ။Judson Bible21 သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာသော ဣသရေလအမျိုးသားများ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှာ၊ တစ်ပါးအမျိုးသား နေရာအရပ်အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊ အခန်းကိုကြည့်ပါ။ |
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။