၂ ရာချုပ် 29:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့အား “လေဝိအမျိုးတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ ယခုမှာ သင်တို့ကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုကြလော့။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကိုလည်း သန့်ရှင်းစေကြလော့။ ညစ်ညူးသောအရာတို့ကို သန့်ရှင်းရာဌာနတော်မှ ဖယ်ရှားပစ်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible5 မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible5 အို လေ ဝိ အ နွယ် သား တို့၊ နာ ခံ ကြ လော့။ ကိုယ် ကို လည်း ကောင်း၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို လည်း ကောင်း၊ သန့် ရှင်း စေ လျက်၊ မ သန့် ရာ များ ကို ဌာ န တော် မှ ထုတ် ပယ် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible5 အိုလေဝိသားတို့၊ နားထောင်ကြလော့။ ကိုယ်ကိုလည်းကောင်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကိုလည်းကောင်း၊ သန့်ရှင်းစေ၍၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့။ အခန်းကိုကြည့်ပါ။ |
သူတို့အား “သင်တို့သည် လေဝိအမျိုးဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ ထို့ကြောင့် ယခု သင်တို့ကိုယ်တိုင်နှင့် သင်တို့၏ဆွေမျိုးသားချင်းများကိုယ်တိုင် ကိုယ်ကိုသန့်ရှင်းစေပြီး ငါပြင်ဆင်ထားသောနေရာသို့ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာကြလော့။
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။