ဒံယေလ 9:12 - မြန်မာ့စံမီသမ္မာကျမ်း
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
အခန်းကိုကြည့်ပါ။
ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
အခန်းကိုကြည့်ပါ။
ကောင်း ကင် တစ် ပြင် လုံး အောက် မ ရောက် စ ဘူး သော ဘေး ဥ ပဒ် ကြီး ကို ယေ ရု ရှ လင် မြို့၊ အ ကျွန်ုပ် တို့ အ ပေါ် တွင် သင့် ရောက် စေ သ ဖြင့် အ ကျွန်ုပ် တို့ မှ စ၍ အုပ် စိုး သော တ ရား မင်း တို့ တစ် ဘက်၌ မိန့် ဆို သော ဗျာ ဒိတ် တော် ကို အ တည် ပြု တော် မူ ပြီ။
အခန်းကိုကြည့်ပါ။
အကျွန်ုပ်တို့တစ်ဖက်၊ အကျွန်ုပ်တို့ကိုအုပ်သော တရားသူကြီးတို့ တစ်ဖက်၌ မိန့်တော်မူသော စကားတော်ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသောဘေးဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက်တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
အခန်းကိုကြည့်ပါ။