ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
ဒံယေလ 6:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။ Common Language Bible ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။- Garrad Bible ထို အ ခါ ဆို ခဲ့ သော ဘု ရင် ခံ၊ ဘု ရင် ခံ ချုပ် မင်း တို့ သည် ဒံ ယေ လ တစ် ဘက်၌ နိုင် ငံ နှင့် စပ်၍ အ မှု ရှာ ကြံ ကြ သော် လည်း သ စ္စာ စောင့် သ ဖြင့် မှု ဝန် တစ် စုံ တစ် ရာ မ ရှိ သော ကြောင့် အ ပြစ် တင် ခွင့် ရှာ မ တွေ့ ကြ ရာ၊ Judson Bible ထိုအခါ ဝန်ကြီးနှင့် မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကိုရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှ မရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊ |
ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
သူတို့ကို ယောသပ်အိမ်သို့ခေါ်ဆောင်သွားသောကြောင့် သူတို့သည် ကြောက်ရွံ့လျက် “ယခင်တစ်ကြိမ်တွင် ငါတို့အိတ်ထဲ၌ပြန်ထည့်ပေးလိုက်သည့်ငွေနှင့်ပတ်သက်၍ သူသည် ငါတို့ကိုရန်ရှာပြီး ငါတို့ကိုနှိပ်စက်တော့မည်။ ငါတို့နှင့် ငါတို့၏မြည်းတို့ကိုလည်း ဖမ်းဆီးပြီးကျွန်ပြုတော့မည်”ဟု ပြောဆိုကြပြီးလျှင်
ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာတတ်၏။ ဆိုးယုတ်သောသူမူကား ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူကို စက်ဆုပ်ရွံရှာတတ်၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်သောမြို့၌ အေးအေးချမ်းချမ်းနေထိုင်လျက် ထိုမြို့အတွက် ထာဝရဘုရားထံ ဆုတောင်းပေးကြလော့။ အကြောင်းမူကား ထိုမြို့အေးချမ်းလျှင် သင်တို့လည်း အေးအေးချမ်းချမ်းနေရမည်ဟူ၍ မိန့်တော်မူ၏။
ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးပါလိမ့်မည်”ဟု ဆိုလေ၏။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကိုသတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကိုကြောက်ရွံ့ကြ၏။
ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။
သို့ရာတွင် ငါတို့ကဲ့သို့ ဝါကြွားစရာအကြောင်းရှိစေမည့်အခွင့်ကို ရယူလိုသောသူတို့ထံမှ ထိုအခွင့်ကိုဖြတ်တောက်ရန် ငါပြုနေသည့်အရာကို ဆက်၍ပြုဦးမည်။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
အပြစ်တင်စရာကင်းသော မှန်ကန်ပြည့်စုံသည့်စကားကို ပြောဆိုလော့။ သို့ပြုလျှင် ဆန့်ကျင်ဘက်ပြုသောသူသည် ငါတို့နှင့်ပတ်သက်၍ မကောင်းသောအရာတစ်စုံတစ်ခုကိုမျှ မပြောဆိုနိုင်ဘဲ အရှက်ရလိမ့်မည်။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။
ဖိလိတ္တိလူမျိုးတို့ကို ရန်ရှာတိုက်ခိုက်ခွင့်ရအောင် ထာဝရဘုရားပြုတော်မူသည်ကို သူ့မိဘမသိ။ ထိုစဉ်က ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို အုပ်စိုးနေချိန်ဖြစ်၏။
သူတို့ကလည်း “အရှင်သည် အကျွန်ုပ်တို့ကို မလှည့်စားဖူးပါ။ မညှဉ်းဆဲဖူးပါ။ မည်သူ့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှလည်း မယူဖူးပါ”ဟု ပြန်ပြောကြ၏။
ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ပါရှိတော်မူသဖြင့် သူလုပ်ဆောင်လေရာရာတို့၌ အောင်မြင်မှုရရှိလေ၏။
အဟိမလက်က ရှင်ဘုရင်အား “အရှင်မင်းကြီး၏အမှုထမ်းအပေါင်းတို့တွင် ဒါဝိဒ်ကဲ့သို့ မည်သူသစ္စာရှိသနည်း။ သူသည် အရှင်မင်းကြီး၏သမက်တော်ဖြစ်၏။ အရှင်မင်းကြီး၏ကိုယ်ရံတော်မှူးလည်း ဖြစ်၏။ အရှင်မင်းကြီး၏အိမ်ထောင်မိသားစုတွင် ဂုဏ်သရေရှိသူလည်း ဖြစ်၏။