၁ ရာ 22:14 - မြန်မာ့စံမီသမ္မာကျမ်း14 အဟိမလက်က ရှင်ဘုရင်အား “အရှင်မင်းကြီး၏အမှုထမ်းအပေါင်းတို့တွင် ဒါဝိဒ်ကဲ့သို့ မည်သူသစ္စာရှိသနည်း။ သူသည် အရှင်မင်းကြီး၏သမက်တော်ဖြစ်၏။ အရှင်မင်းကြီး၏ကိုယ်ရံတော်မှူးလည်း ဖြစ်၏။ အရှင်မင်းကြီး၏အိမ်ထောင်မိသားစုတွင် ဂုဏ်သရေရှိသူလည်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 အ ဟိ မ လက် က၊ ဘု ရင် မင်း၏ ကျေး ကျွန် အ ပေါင်း တို့ တွင် နန်း တော် အ တွင်း အ သ ရေ ရှိ သော သ မက် တော်၊ ကိုယ် ရံ တော် မှူး ဒါ ဝိဒ် ကဲ့ သို့ သ စ္စာ စောင့် သူ သည် မည် သူ နည်း။ အခန်းကိုကြည့်ပါ။Judson Bible14 အဟိမလက်က၊ ကိုယ်တော်၏ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော် ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။