Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 41:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ဖာရော​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “​ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​ရ​သည့် ဤသို့သော​သူ​ကို ငါ​တို့​ရှာတွေ့​နိုင်​မည်လော​”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ထို​နောက်​ဘု​ရင်​က​မှူး​မတ်​တို့​အား``ယော​သပ် သည်​ဘု​ရား​ထံ​မှ​ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သူ​ဖြစ် ၏။ သူ့​ထက်​သာ​သော​သူ​ကို​ငါ​တို့​ရှာ​၍​မ တွေ့​နိုင်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 ဖာ ရော မင်း က၊ ဘု ရား သ ခင့် ဝိ ညာဉ် တော် တည်၍ ဤ သို့ သော သူ့ ကို ရှာ ဖွေ တွေ့ နိုင် အံ့ လော ဟု ကျေး ကျွန် သင်း ပင်း တို့ အား မေး ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ဖာ​ရော​မင်း​က၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို​ရ၍ ဤ​ကဲ့​သို့​သော​သူ​ကို အ​ဘယ်​မှာ ရှာ၍​တွေ့​မည်​နည်း​ဟု ကျွန်​တော်​မျိုး​တို့​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 41:38
14 ပူးပေါင်းရင်းမြစ်များ  

ထို​အကြံဉာဏ်​ကို ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် နှစ်သက်​သဘောကျ​ကြ​၏​။


သင်​ဧဇရ​သည်​လည်း သင်​ခံယူ​ရရှိ​သော​ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​နှင့်အညီ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘုရားသခင်​၏​ပညတ်တရား​ကို သိနားလည်​သူ​အပေါင်း​တို့​အား စီရင်အုပ်ချုပ်​ရန် အုပ်ချုပ်​သူ​များ​နှင့် တရားသူကြီး​များ​ကို​ခန့်အပ်​ရ​မည်​။ ပညတ်တရား​မ​သိ​သော​သူ​တို့​ကို​လည်း သွန်သင်​ပေး​ရ​မည်​။


သို့သော် လူ​၌ ဝိညာဉ်​ရှိ​၏​။ အနန္တတန်ခိုးရှင်​၏​ဝိညာဉ်​တော်​သည် လူ​တို့​အား နားလည်နိုင်စွမ်း​ကို ပေး​တော်မူ​ပါ​၏​။


ပညာသတိ​ရှိ​သော​အစေအပါး​ကို ရှင်ဘုရင်​နှစ်သက်​တတ်​၏​။ အရှက်ကွဲ​စေ​သော​သူ​အပေါ်​၌​မူကား အမျက်​တော်​သက်ရောက်​တတ်​၏​။


မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။ သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။


အကယ်စင်စစ် ဇောန​မြို့​၏​အကြီးအကဲ​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ဖာရော​မင်းကြီး​၏​ပညာရှိ​သော အတိုင်ပင်ခံအမတ်​တို့​သည် မိုက်မဲ​သော​အကြံဉာဏ်​ကို​ပေး​ကြ​၏​။ ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​သည် ပညာရှိ​တို့​၏​အမျိုး​၊ ရှေး​ဘုရင်​တို့​၏​အမျိုး ဖြစ်​ပါ​သည်​”​ဟု မည်သို့​လျှောက်ဆို​နိုင်​မည်နည်း​။


ဤသည်ကား ငါ​နေဗုခဒ်နေဇာ​မင်းကြီး မြင်မက်​သော​အိပ်မက်​ဖြစ်​၏​။ ယခုတွင် အသင်​ဗေလတရှာဇာ​၊ ငါ့​အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပါ​လော့​။ ငါ့​နိုင်ငံ​မှ ပညာရှိ​အပေါင်း​တို့​သည် ငါ့​အိပ်မက်​အနက်အဓိပ္ပာယ်​ကို မ​ဖော်ပြ​နိုင်​ကြ​။ သင်​မူကား သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​သည် သင်​၌​တည်​သောကြောင့် ဖော်ပြ​နိုင်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


ထို့ကြောင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ငါ့​အား ဖော်ပြ​ရန် ဘေဘီလုံ​ပညာရှိ​အပေါင်း​တို့​ကို ငါ့​ရှေ့မှောက်​သို့ သွင်း​စေ​ဟု အမိန့်​ထုတ်ပြန်​လိုက်​၏​။


အရှင်မင်းကြီး​၏​နိုင်ငံ​တော်​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​သူ​တစ်ဦး ရှိ​ပါ​၏​။ ထို​သူ​သည် အရှင်မင်းကြီး​၏​ခမည်းတော်​လက်ထက်​ကပင် ဉာဏ်​အလင်း​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ ဘုရား​ဉာဏ်​နှင့်​တူ​သော​ဉာဏ် ရှိ​သော​သူ​အဖြစ် ကျော်ကြား​ခဲ့​၏​။ အရှင်မင်းကြီး​၏​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အား မှော်ဆရာ​များ​၊ ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ဆရာ​များ​၏​အကြီးအမှူး​အဖြစ် ခန့်အပ်​ခဲ့​၏​။


သင်​၌ ဘုရား​များ​၏​ဝိညာဉ်​တည်​ကြောင်း​၊ သင်​သည် ဉာဏ်​အလင်း​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ ထူးကဲ​သော​ဉာဏ်​ရှိ​သော​သူ​အဖြစ် ကျော်ကြား​ခဲ့​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။


ဒံယေလ​တွင် ထူးကဲ​သော​ဝိညာဉ်​ရှိ​၍ အခြား​အုပ်ချုပ်ရေးမှူး​၊ အုပ်ချုပ်ရေး​အရာရှိ​တို့​ထက် ထူးချွန်ထက်မြက်​သောကြောင့် ရှင်ဘုရင်​သည် သူ့​အား နိုင်ငံ​တော်​တစ်ခုလုံး​ကို အုပ်ချုပ်​စေ​မည်​ဟု အကြံ​ရှိ​၏​။


ထိုအခါ အခြား​အုပ်ချုပ်ရေးမှူး​နှင့် အုပ်ချုပ်ရေး​အရာရှိ​တို့​သည် နိုင်ငံ​အရေး​နှင့်​ပတ်သက်၍ ဒံယေလ​ကို စွပ်စွဲ​နိုင်​ရန် သူ​၏​အမှား​ကို ရှာကြံ​ကြ​၏​။ သို့သော် ဒံယေလ​သည် သစ္စာရှိ​သူ​ဖြစ်​သည်​နှင့်အညီ သူ​၌ မှားယွင်းမှု​၊ ပေါ့ဆမှု​တစ်စုံတစ်ရာ​မျှ​မ​ရှိ​။ သူ​၌​အမှား​မ​တွေ့​သောကြောင့် သူ့​ကို​စွပ်စွဲ​၍​မ​ရ​ကြ​။


ထာဝရဘုရား​က​လည်း မောရှေ​အား “​နုန်​၏​သား​ယောရှု​၌ ဝိညာဉ်​တော်​တည်​၏​။ သူ့​ကို​ခေါ်​၍ သင့်​လက်​ကို သူ့​အပေါ်​တင်​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ