ကမ္ဘာဦး 43:18 - မြန်မာ့စံမီသမ္မာကျမ်း18 သူတို့ကို ယောသပ်အိမ်သို့ခေါ်ဆောင်သွားသောကြောင့် သူတို့သည် ကြောက်ရွံ့လျက် “ယခင်တစ်ကြိမ်တွင် ငါတို့အိတ်ထဲ၌ပြန်ထည့်ပေးလိုက်သည့်ငွေနှင့်ပတ်သက်၍ သူသည် ငါတို့ကိုရန်ရှာပြီး ငါတို့ကိုနှိပ်စက်တော့မည်။ ငါတို့နှင့် ငါတို့၏မြည်းတို့ကိုလည်း ဖမ်းဆီးပြီးကျွန်ပြုတော့မည်”ဟု ပြောဆိုကြပြီးလျှင် အခန်းကိုကြည့်ပါ။Common Language Bible18 ညီအစ်ကိုတို့သည်ယောသပ်အိမ်သို့လိုက်ပါ လာကြစဉ်``ပထမအခေါက်တွင်ငါတို့၏ စပါးအိတ်များ၌ငွေများပြန်ထည့်ပေးလိုက် သည့်ကိစ္စကိုအကြောင်းပြုပြီးလျှင် သူတို့ သည်ငါတို့အားဖမ်းဆီးလျက်မြည်းများကို သိမ်းယူ၍သူ့ထံ၌ကျွန်ခံစေလိမ့်မည်'' ဟု တွေးတောကာစိုးရိမ်ကြောက်ရွံ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ယော သပ် အိမ် သို့ ဝင် ရောက် ရ မည့် အ တွက် ကြောက် ရွံ့၍ သူ တို့ က၊ ငါ တို့ အိတ် များ တွင် ယ ခင် ပြန် ထည့် လိုက် သော ငွေ နှင့် စပ်၍ ခေါ် သွင်း လေ ပြီ။ သူ သည် ငါ တို့ အ ပေါ် တွင် ဖိ စီး နှိပ် စက် ကျွန် ခံ စေ လျက် မြည်း များ ကို လည်း သိမ်း ယူ လိမ့် မည် ဟု ဆို ကြ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible18 ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့သည် ငါတို့အိတ်၌ ယခင်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကိုသိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။