၁ ရာ 12:4 - မြန်မာ့စံမီသမ္မာကျမ်း4 သူတို့ကလည်း “အရှင်သည် အကျွန်ုပ်တို့ကို မလှည့်စားဖူးပါ။ မညှဉ်းဆဲဖူးပါ။ မည်သူ့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှလည်း မယူဖူးပါ”ဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 လူတို့က``အရှင်သည်အကျွန်ုပ်တို့အားလိမ် လည်လှည့်စားမှုကိုသော်လည်းကောင်း၊ ညှဉ်း ဆဲနှိပ်စက်မှုကိုသော်လည်းကောင်းမပြုခဲ့ ပါ။ မည်သူ၏ပစ္စည်းဥစ္စာကိုမျှလည်းမယူ ခဲ့ဖူးပါ'' ဟုလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ထို သူ တို့ က ကိုယ် တော် သည် ညှဉ်း ပန်း ဘူး သည် မ ဟုတ်။ နှိပ် စက် ဘူး သည် မ ဟုတ်။ တံ စိုး စား ဘူး သည် မ ဟုတ် ပါ ဟု ဝန် ခံ ကြ လျှင် အခန်းကိုကြည့်ပါ။Judson Bible4 သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ။ မညှဉ်းဆဲပါ။ အဘယ်သူ၏ဥစ္စာကိုမျှမယူပါဟု ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။