ဤအမှုကို အထူးဂရုပြုလော့။ မပေါ့ဆကြနှင့်။ အဘယ်ကြောင့် ရှင်ဘုရင်၏အကျိုးယုတ်လျော့အောင် ထပ်ပြုကြမည်နည်း”ဟု ပါရှိ၏။
ဒံယေလ 6:3 - မြန်မာ့စံမီသမ္မာကျမ်း ဒံယေလတွင် ထူးကဲသောဝိညာဉ်ရှိ၍ အခြားအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအရာရှိတို့ထက် ထူးချွန်ထက်မြက်သောကြောင့် ရှင်ဘုရင်သည် သူ့အား နိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်စေမည်ဟု အကြံရှိ၏။ Common Language Bible ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။- Garrad Bible ထို ဒံ ယေ လ၌ ထူး ချွန် သော စိတ် ရှိ သ ဖြင့် ဘု ရင် ခံ၊ ဘု ရင် ခံ ချုပ် တ ကာ တို့ ထက် ကဲ လွန် သော ကြောင့် ဘု ရင် မင်း သည် နိုင် ငံ တစ် ဝှမ်း လုံး အ ပေါ် တွင် ခန့် ထား မည် ဟု ကြံ စည် လေ၏။ Judson Bible ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌ အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။ |
ဤအမှုကို အထူးဂရုပြုလော့။ မပေါ့ဆကြနှင့်။ အဘယ်ကြောင့် ရှင်ဘုရင်၏အကျိုးယုတ်လျော့အောင် ထပ်ပြုကြမည်နည်း”ဟု ပါရှိ၏။
ငါ့ညီဟာနနိနှင့် ရဲတိုက်မှူးဟာနနိယတို့အား ဂျေရုဆလင်မြို့ကို အုပ်ချုပ်ရန် ခန့်အပ်၏။ ဟာနနိယသည် သစ္စာရှိသောသူ၊ အခြားသူတို့ထက် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။
မိမိစကားကိုထိန်းချုပ်သောသူသည် အသိပညာရှိ၏။ စိတ်အေးဆေးတည်ငြိမ်သောသူသည် ထိုးထွင်းဉာဏ်ရှိသောသူဖြစ်၏။
မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။ ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။ သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။
ထိုအခါ အလင်းသည် အမှောင်ထက် ပို၍အကျိုးရှိသကဲ့သို့ ဉာဏ်ပညာသည် မိုက်မဲခြင်းထက် ပို၍အကျိုးရှိသည်ကို ငါတွေ့မြင်၏။
ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးပါလိမ့်မည်”ဟု ဆိုလေ၏။
သင်၌ ဘုရားများ၏ဝိညာဉ်တည်ကြောင်း၊ သင်သည် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ထူးကဲသောဉာဏ်ရှိသောသူအဖြစ် ကျော်ကြားခဲ့ကြောင်းကို ငါကြားသိရ၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
သင်သည် နှစ်သက်မြတ်နိုးခြင်းကို ခံရသောသူဖြစ်သောကြောင့် သင် စတင်ဆုတောင်းစဉ်မှာပင် အမိန့်တော်ရှိသည်ဖြစ်၍ သင့်အား ပြောကြားရန် ငါရောက်လာပြီ။ သို့ဖြစ်၍ ဤစကားတော်ကို ဆင်ခြင်၍ ဗျာဒိတ်အာရုံကို သိရှိနားလည်လော့။