Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 6:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုအခါ အခြား​အုပ်ချုပ်ရေးမှူး​နှင့် အုပ်ချုပ်ရေး​အရာရှိ​တို့​သည် နိုင်ငံ​အရေး​နှင့်​ပတ်သက်၍ ဒံယေလ​ကို စွပ်စွဲ​နိုင်​ရန် သူ​၏​အမှား​ကို ရှာကြံ​ကြ​၏​။ သို့သော် ဒံယေလ​သည် သစ္စာရှိ​သူ​ဖြစ်​သည်​နှင့်အညီ သူ​၌ မှားယွင်းမှု​၊ ပေါ့ဆမှု​တစ်စုံတစ်ရာ​မျှ​မ​ရှိ​။ သူ​၌​အမှား​မ​တွေ့​သောကြောင့် သူ့​ကို​စွပ်စွဲ​၍​မ​ရ​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထို အ ခါ ဆို ခဲ့ သော ဘု ရင် ခံ၊ ဘု ရင် ခံ ချုပ် မင်း တို့ သည် ဒံ ယေ လ တစ် ဘက်၌ နိုင် ငံ နှင့် စပ်၍ အ မှု ရှာ ကြံ ကြ သော် လည်း သ စ္စာ စောင့် သ ဖြင့် မှု ဝန် တစ် စုံ တစ် ရာ မ ရှိ သော ကြောင့် အ ပြစ် တင် ခွင့် ရှာ မ တွေ့ ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 6:4
32 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “​ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​ရ​သည့် ဤသို့သော​သူ​ကို ငါ​တို့​ရှာတွေ့​နိုင်​မည်လော​”​ဟု မိန့်ဆို​၏​။


သူ​တို့​ကို ယောသပ်​အိမ်​သို့​ခေါ်ဆောင်​သွား​သောကြောင့် သူ​တို့​သည် ကြောက်ရွံ့​လျက် “​ယခင်တစ်ကြိမ်​တွင် ငါ​တို့​အိတ်​ထဲ၌​ပြန်ထည့်​ပေး​လိုက်​သည့်​ငွေ​နှင့်​ပတ်သက်၍ သူ​သည် ငါ​တို့​ကို​ရန်ရှာ​ပြီး ငါ​တို့​ကို​နှိပ်စက်​တော့​မည်​။ ငါ​တို့​နှင့် ငါ​တို့​၏​မြည်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး​ကျွန်​ပြု​တော့​မည်”​ဟု ပြောဆို​ကြ​ပြီးလျှင်


ဖြောင့်မတ်​သော​သူ​သည် မတရား​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။ ဆိုးယုတ်​သော​သူ​မူကား ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။


တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


လူ​တို့​က “​လာ​ကြ​၊ ယေရမိ​ကို လုပ်ကြံ​ကြ​စို့​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​ထံမှ​လာ​သော တရားတော်​၊ ပညာရှိ​ထံမှ​လာ​သော အကြံဉာဏ်​၊ ပရောဖက်​ထံမှ​လာ​သော နှုတ်ကပတ်တော်​သည် ငါ​တို့​၌ ပျောက်ပျက်​မည်​မ​ဟုတ်​။ လာ​ကြ​၊ သူ့​ကို အပြစ်ရှာ​ကြ​စို့​။ သူ့​စကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​ကြ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သတ်မည့်သူ​တို့​၏​အကြံဉာဏ်​အားလုံး​ကို ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​ဒုစရိုက်​ကို ဖြေလွှတ်​တော်​မ​မူ​ပါ​နှင့်​။ သူ​တို့​၏​အပြစ်​ကို ရှေ့​တော်​မှ​ပယ်ဖျက်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ရှေ့​တော်​၌ သူ​တို့​လဲကျ​ကြ​ပါစေ​။ အမျက်​တော်​သင့်​ရာ​ကာလ​၌ သူ​တို့​ကို​စီရင်​တော်မူ​ပါ​။


အကြောင်းမူကား လူ​အများ​တို့​က “​ပတ်ပတ်လည်​၌ ကြောက်လန့်စရာ​ရှိ​၏​။ သတင်းပို့​ကြ​စို့​။ ငါ​တို့​သတင်းပို့​ကြ​စို့​”​ဟူ၍ တီးတိုးပြောသံ​ကို​သာ ငါ​ကြား​ရ​၏​။ အကျွန်ုပ်​၏​မိတ်ဆွေရင်းချာ​အပေါင်း​တို့​လည်း အကျွန်ုပ်​ပြိုလဲ​သည်​ကို စောင့်ကြည့်​၍ “​သူ့​ကို လှည့်စား​၍ ရ​ကောင်း​ရ​နိုင်​လိမ့်မည်​။ သူ့​ကို အနိုင်ယူ​မည်​။ လက်တုံ့ပြန်​မည်​”​ဟု ဆို​ကြ​၏​။


သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​သော​မြို့​၌ အေးအေးချမ်းချမ်း​နေထိုင်​လျက် ထို​မြို့​အတွက် ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ကြ​လော့​။ အကြောင်းမူကား ထို​မြို့​အေးချမ်း​လျှင် သင်​တို့​လည်း အေးအေးချမ်းချမ်း​နေ​ရ​မည်​ဟူ၍ မိန့်​တော်မူ​၏​။


ထိုအခါ ခါလဒဲ​ပညာရှိ​တို့​သည် လာ​၍ ဂျူး​လူမျိုး​တို့​ကို စွပ်စွဲ​ကြ​၏​။


ဗေလတရှာဇာ​ဟု ခမည်းတော်​က နာမည်​ပေး​ထား​သော​ဒံယေလ​၌ ထူးကဲ​သော​ဉာဏ်​၊ အသိပညာ​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ အိပ်မက်​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ စကားထာ​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​သော​ဉာဏ် ရှိ​ကြောင်း​သိ​ရ​ပါ​၏​။ ထို့ကြောင့် ဒံယေလ​ကို​ဆင့်ခေါ်​ပါ​။ သူ​သည် အနက်အဓိပ္ပာယ်​ကို​ဖော်ပြ​ပေး​ပါ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။


ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။


ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။


ထို့ကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​လျက် နှုတ်​တော်​ထွက်​စကား​တွင် အပြစ်​ရှာ​၍ ကိုယ်တော်​ကို ဘုရင်ခံ​၏​အုပ်ချုပ်​မှု​အာဏာ​အောက်သို့ အပ်နှံ​နိုင်​ရန် ဖြောင့်မတ်​သူ​အဖြစ် ဟန်ဆောင်​သော​သူလျှို​များ​ကို စေလွှတ်​ကြ​၏။


သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​စကား​အမှား​ကို ကျော့ဖမ်း​၍​မ​ရ​နိုင်​သည့်​အပြင် ကိုယ်တော်​၏​ဖြေကြား​ပုံ​ကို​အံ့သြ​လျက် တိတ်ဆိတ်​သွား​ကြ​၏။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​တို့​သည် ကိုယ်တော်​ကို​သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​ကို​ကြောက်ရွံ့​ကြ​၏။


ပိလတ်​မင်း​သည် နောက်တစ်ဖန် အပြင်​သို့​ထွက်လာ​၍ “နားထောင်​ကြ​လော့။ ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိမြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်ဆောင်​လာ​မည်”​ဟု ဆို​၏။


သို့ရာတွင် ငါ​တို့​ကဲ့သို့ ဝါကြွား​စရာ​အကြောင်း​ရှိ​စေ​မည့်​အခွင့်​ကို ရယူ​လို​သော​သူ​တို့​ထံမှ ထို​အခွင့်​ကို​ဖြတ်တောက်​ရန် ငါ​ပြု​နေ​သည့်​အရာ​ကို ဆက်၍​ပြု​ဦး​မည်။


ဤသည်ကား ကောက်ကျစ်​၍​ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်​၏​အလယ်​တွင် သင်​တို့​သည် ရိုးသား​ဖြူစင်​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​များ၊ အပြစ်​အနာအဆာ​ကင်း​သော ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​ပြီး အသက်​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို​စွဲကိုင်​ထား​လျက် ဤ​လောက​၌​ရှိ​သော​အလင်းရောင်​များ​ကဲ့သို့ သူ​တို့​အထဲ​တွင် ထွန်းလင်း​ကြ​မည့်​အကြောင်း​တည်း။


ထို့ကြောင့် ငယ်ရွယ်​သော​မုဆိုးမ​တို့​သည် အိမ်ထောင်ပြု​လျက် သားသမီး​များ​မွေးဖွား​ကာ အိမ်မှုကိစ္စ​ကို​စီမံ​ကွပ်ကဲ​၍ ရန်သူ​အား ကဲ့ရဲ့​ပြစ်တင်​ခြင်း​အခွင့်​ကို​မ​ပေး​ရန် ငါ​အလိုရှိ​၏။


အပြစ်တင်​စရာ​ကင်း​သော မှန်ကန်​ပြည့်စုံ​သည့်​စကား​ကို ပြောဆို​လော့။ သို့ပြုလျှင် ဆန့်ကျင်ဘက်​ပြု​သော​သူ​သည် ငါ​တို့​နှင့်​ပတ်သက်၍ မကောင်း​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​နိုင်​ဘဲ အရှက်ရ​လိမ့်မည်။


လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။


သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။


ဖိလိတ္တိ​လူမျိုး​တို့​ကို ရန်ရှာ​တိုက်ခိုက်ခွင့်​ရ​အောင် ထာဝရဘုရား​ပြု​တော်မူ​သည်​ကို သူ့​မိဘ​မ​သိ​။ ထိုစဉ်က ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​နေ​ချိန်​ဖြစ်​၏​။


သူ​တို့​က​လည်း “​အရှင်​သည် အကျွန်ုပ်​တို့​ကို မ​လှည့်စား​ဖူး​ပါ​။ မ​ညှဉ်းဆဲ​ဖူး​ပါ​။ မည်သူ့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ခု​ကို​မျှ​လည်း မ​ယူ​ဖူး​ပါ​”​ဟု ပြန်ပြော​ကြ​၏​။


ထာဝရဘုရား​သည် ဒါဝိဒ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​လုပ်ဆောင်​လေရာရာ​တို့​၌ အောင်မြင်​မှု​ရရှိ​လေ​၏​။


အဟိမလက်​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​အမှုထမ်း​အပေါင်း​တို့​တွင် ဒါဝိဒ်​ကဲ့သို့ မည်သူ​သစ္စာရှိ​သနည်း​။ သူ​သည် အရှင်မင်းကြီး​၏​သမက်​တော်​ဖြစ်​၏​။ အရှင်မင်းကြီး​၏​ကိုယ်ရံတော်မှူး​လည်း ဖြစ်​၏​။ အရှင်မင်းကြီး​၏​အိမ်ထောင်မိသားစု​တွင် ဂုဏ်သရေ​ရှိ​သူ​လည်း ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ