ဒံယေလ 5:7 - မြန်မာ့စံမီသမ္မာကျမ်း7 ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 မှော် ဆ ရာ၊ ခါ လ ဒဲ ဆ ရာ၊ ဟူး ရား ဆ ရာ တို့ ကို ခေါ် သွင်း စေ ဟု ဟစ် ကြော် ပြီး လျှင် ထို စာ ကို ဖတ်၍ အ နက် ဖော် ပြ နိုင် သူ့ အား နီ မောင်း သော ဝတ် လုံ ကို ဆင် ယင်၍ လည်၌ ရွှေ စ လွယ် တင် သ ဖြင့် အ မြတ် ဆုံး သော မင်း သုံး ပါး တို့ ရာ ထူး တွင် ခန့် ထား မည် ဟု ဗာ ဗု လုန် ပ ညာ ရှိ တို့ အား မိန့် ဆို ရာ၊ အခန်းကိုကြည့်ပါ။Judson Bible7 ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင်၊ ထိုစာကိုဖတ်၍ အနက်ကို ဖော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ၍၊ အခန်းကိုကြည့်ပါ။ |
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။