Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 10:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 စင်စစ် ဂျူး​လူမျိုး​မော်ဒကဲ​သည် အာရွှေရု​မင်းကြီး​ပြီးလျှင် ရာထူး​အကြီးဆုံး​ဖြစ်​၏​။ သူ​သည် ကိုယ့်​အမျိုးအနွယ်​အပေါင်း​တို့​အား မေတ္တာစကား​ကို​သာ​ပြောဆို​တတ်​ပြီး ကိုယ့်​လူမျိုး​ကောင်းကျိုး​ကို ရှာကြံ​တတ်​သူ​ဖြစ်​သဖြင့် ဂျူး​လူမျိုး​တို့​ထဲတွင် ကြီးမြတ်​သော​ပုဂ္ဂိုလ်​ဖြစ်​၏​။ ဆွေမျိုးသားချင်း​တို့​၏​ချစ်မြတ်နိုး​မှု​ကို ရရှိ​သူ​လည်း ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ယု​ဒ​အ​မျိုး​သား​မော်​ဒ​ကဲ​သည်​ဇေ​ရဇ်​ဘု​ရင် ပြီး​လျှင် နိုင်​ငံ​တော်​တွင်​တန်​ခိုး​အ​ကြီး​ဆုံး သော​သူ​ဖြစ်​၏။ သူ​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ချစ်​ခင်​ကြည်​ညို​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​၏​အ ကျိုး​နှင့် သူ​တို့​၏​သား​မြေး​များ​၏​လုံ​ခြုံ​မှု အ​တွက်​ဆောင်​ရွက်​ခဲ့​သော​သူ​ဖြစ်​ပေ​သည်။ ဧ​သ​တာ​ဝတ္ထု​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ကိုယ့် အ မျိုး အ ကျိုး ရှာ ကြံ၍၊ ကိုယ့် အ နွယ် တို့ အား မေ တ္တာ စ ကား ပြော လေ့ ရှိ သော၊ ယု ဒ လူ မျိုး မော် ဒ ကဲ သည်၊ အာ ရွှေ ရု မင်း အောက် အ မြင့် ဆုံး သော ရာ ထူး ကို ရ လျက်၊ ယု ဒ လူ မျိုး တို့ တွင် တန် ခိုး ကြီး၍၊ ဆွေ မျိုး သား ချင်း အ ပေါင်း တို့ နှစ် သက် ကြ သူ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 10:3
17 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ငါ​၏​နန်းတော်အုပ်​ဖြစ်​ရ​မည်​။ ငါ​၏​လူ​အပေါင်း​တို့​သည် သင်​၏​အမိန့်​ကို​နာခံ​ကြ​ရ​မည်​။ ငါ​သည် ရာဇပလ္လင်​အားဖြင့်​သာ သင့်​ထက်​ကြီးမြတ်​မည်​”​ဟု မိန့်ဆို​၏​။


အဖေ​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ရ​မည်​။ အဖေ​နှင့်တကွ အဖေ​၏​သားသမီး​များ​၊ မြေး​များ​၊ သိုးဆိတ်​များ​၊ နွားအုပ်​များ​၊ အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် အကျွန်ုပ်​အနား​တွင်​ရှိ​ရ​မည်​။


ထို​အရပ်​၌ အဖေ့​ကို အကျွန်ုပ်​ကျွေးမွေးပြုစု​ပါ​မည်​။ သို့မဟုတ်လျှင် အဖေ​မှစ၍ အဖေ​၏​အိမ်သူအိမ်သား​များ​နှင့်​အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီးဆုံးရှုံး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​’​ဟူ၍ မှာလိုက်​ကြောင်း ပြော​ကြ​လော့​။


ဧဖရိမ်​စစ်သူရဲ​ဇိခရိ​သည်​လည်း ဘုရင့်​သား​တော်​မာသေယ​၊ နန်းတော်အုပ်​အာဇရိကံ​၊ ရှင်ဘုရင်​ပြီးလျှင် ရာထူး​အကြီးဆုံး​ဧလကာန​တို့​ကို ကွပ်မျက်​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။


ရှုရှန်​နန်းတော်​တွင် မော်ဒကဲ​ဟု​ခေါ်​သော ဂျူး​လူမျိုး​တစ်ဦး​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုး ကိရှ​၏​မြစ်​၊ ရှိမိ​၏​မြေး​၊ ယာဣရ​၏​သား​ဖြစ်​၏​။


ဘုရင့်​နန်းတော်​တံခါး​ရှိ မင်းမှုထမ်း​အပေါင်း​တို့​သည် ဘုရင့်​အမိန့်​တော်​အတိုင်း ဟာမန်​ကို​ညွတ်တွား​ခယ​ကြ​၏​။ သို့သော် မော်ဒကဲ​သည် ဟာမန်​ကို​မ​ညွတ်တွား မ​ခယ​ပေ​။


သင်​သည် အနက်အဓိပ္ပာယ်​များ​ကို ဖွင့်ပြ​ပေး​နိုင်​ကြောင်း​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။ ယခု သင်​သည် ထို​စာ​ကို​ဖတ်​၍ ငါ့​အား အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​နိုင်​လျှင် ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ရ​မည်”​ဟု မိန့်ဆို​၏​။


ထိုအခါ ဗေလရှာဇာ​မင်းကြီး​အမိန့်ပေး​သဖြင့် ဒံယေလ​အား ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​ပေး​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ပေး​ပြီး တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို​အုပ်ချုပ်​ခွင့်​ရှိ​သူ​ဖြစ်ကြောင်း ကြေညာ​ကြ​လေ​၏​။


ဒံယေလ​တွင် ထူးကဲ​သော​ဝိညာဉ်​ရှိ​၍ အခြား​အုပ်ချုပ်ရေးမှူး​၊ အုပ်ချုပ်ရေး​အရာရှိ​တို့​ထက် ထူးချွန်ထက်မြက်​သောကြောင့် ရှင်ဘုရင်​သည် သူ့​အား နိုင်ငံ​တော်​တစ်ခုလုံး​ကို အုပ်ချုပ်​စေ​မည်​ဟု အကြံ​ရှိ​၏​။


ညီအစ်ကို​တို့၊ ငါ့​စိတ်နှလုံး​၏​လိုအင်​ဆန္ဒ​နှင့် အစ္စရေး​လူမျိုး​တို့​အတွက် ဘုရားသခင်​ထံ ငါ​ဆုတောင်း​သော​အရာ​မှာ သူတို့​ကယ်တင်​ခြင်း​ရရှိ​ရန်​ဖြစ်​၏။


ထို့ကြောင့် ဤ​နည်း​ဖြင့် ခရစ်တော်​ကို​အစေခံ​သော​သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့၌ ယုံကြည်​စိတ်ချ​ရ​သူ​ဖြစ်​၏။


သို့သော် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် စစ်ချီ​ရာ​တွင် သူ​တို့​ကို ဦးဆောင်​ပေး​သော​ဒါဝိဒ်​ကို ချစ်​ကြ​၏​။


“​သင်​မ​စိုးရိမ်​နှင့်​။ ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် သင့်​အသက်​ကို ရန်ရှာ​နိုင်​မည်​မ​ဟုတ်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင် ဖြစ်​ရ​လိမ့်မည်​။ ငါ​သည် သင့်​အတွက် လက်ရုံး​သဖွယ်​ဖြစ်​မည်​။ ဤသည်ကို ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​လည်း သိ​ပါ​၏​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ