Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 7:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ငါ့​ညီ​ဟာနနိ​နှင့် ရဲတိုက်မှူး​ဟာနနိယ​တို့​အား ဂျေရုဆလင်​မြို့​ကို အုပ်ချုပ်​ရန် ခန့်အပ်​၏​။ ဟာနနိယ​သည် သစ္စာရှိ​သော​သူ​၊ အခြားသူ​တို့​ထက် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 သ စ္စာ စောင့် လျက် ဘု ရား သ ခင် ကို အ ထူး ရို သေ သူ ရဲ တိုက် မှူး ဟာ န နိ နှင့် ငါ့ ညီ ဟာ နန် တို့ သို့၊ ယေ ရု ရှ လင် မြို့ ကို အပ် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သ​စ္စာ​ရှိ၍ ဘု​ရား​သ​ခင်​ကို အ​ထူး​သ​ဖြင့် ရို​သေ​သော ရဲ​တိုက်​မှူး​ဟာ​န​နိ​နှင့် ငါ့​ညီ​ဟာ​နန်​တို့၌ ယေ​ရု​ရှ​လင်​မြို့​ကို အပ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 7:2
21 ပူးပေါင်းရင်းမြစ်များ  

သုံး​ရက်​မြောက်​သော​နေ့​၌ ယောသပ်​က သူ​တို့​အား “​ငါ​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ဤသို့​ပြု​ကြ​လော့​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော အစ္စရေး​လူမျိုး​၏​ကျောက်ဆောင်​က ငါ့​အား ‘​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ လူ​ကို ဖြောင့်မှန်​စွာ အုပ်စိုး​သော​သူ​သည်


အကျွန်ုပ်​ထွက်သွား​သည်​နှင့် ထာဝရဘုရား​၏​ဝိညာဉ်​တော်​က အရှင့်​ကို အကျွန်ုပ်​မ​သိ​နိုင်​သော​နေရာ​သို့ ဆောင်ယူ​သွား​လျှင် အကျွန်ုပ်​သည် အာဟပ်​မင်းကြီး​ကို သွား​လျှောက်တင်​ပြီးမှ အရှင့်​ကို မ​တွေ့​သောအခါ အကျွန်ုပ်​ကို သူ​သတ်​ပါ​လိမ့်မည်​။ အရှင့်​အစေအပါး​အကျွန်ုပ်​သည် ငယ်ရွယ်​စဉ်​မှစ၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​သူ​ဖြစ်​ပါ​၏​။


အာဟပ်​မင်းကြီး​သည် နန်းတော်အုပ်​ဩဗဒိ​ကို ဆင့်ခေါ်​၏​။ ဩဗဒိ​သည် ထာဝရဘုရား​ကို အလွန်​ကြောက်ရွံ့ရိုသေ​သော​သူ​ဖြစ်​၏​။


ငါ့​ညီ​တစ်​ဦး​ဖြစ်​သော​ဟာနနိ​နှင့် ယုဒ​လူ​တို့ ရောက်လာ​သဖြင့် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ဂျူး​လူမျိုး​များ​အကြောင်း​၊ ဂျေရုဆလင်​မြို့​အကြောင်း​တို့​ကို မေးမြန်း​ကြည့်​ရာ


ဟောရှေ​၊ ဟာနနိယ​၊ ဟာရှုပ်​၊


ငါ​သည် ယဇ်ပုရောဟိတ်​ရှေလမိ​၊ ကျမ်းပြုဆရာ​ဇာဒုတ်​၊ လေဝိ​အမျိုး​ပေဒါယ​တို့​ကို သိုလှောင်တိုက်​တာဝန်ခံ​အဖြစ်​ခန့်ထား​၍ မတ္တနိ​၏​မြေး​၊ ဇက္ကုရ​၏​သား ဟာနန်​ကို သူ​တို့​၏​လက်ထောက်​အဖြစ် ခန့်ထား​၏​။ အကြောင်းမှာ သူ​တို့​သည် သစ္စာရှိ​သော​သူ​များ​ဖြစ်​၏​။ သူ​တို့​သည် ညီအစ်ကို​များ​ကို ဝေစုခွဲဝေ​ပေး​ရ​၏​။


ထို့ပြင် အိမ်​တော်​နား​ရှိ ရဲတိုက်​တံခါး​များ​၊ မြို့​တံတိုင်း​နှင့် အကျွန်ုပ်​နေ​ဖို့​အိမ်​တို့​ကို ဆောက်လုပ်​ရန် သစ်​များ​ကို​ပေး​မည့်​အကြောင်း အရှင်မင်းကြီး​၏​သစ်တောဝန်​အာသပ်​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​”​ဟု တောင်းလျှောက်​ရာ ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ရှင်ဘုရင်​သည် ငါ​တောင်းဆို​သည့်​အတိုင်း ပြု​ပေး​၏​။


ငါ​မတိုင်ခင် ဘုရင်ခံ​လုပ်​သော​သူ​တို့​သည် ပြည်သူပြည်သား​တို့​အား ဝန်လေး​အောင်​ပြု​ခဲ့​ကြ​၏​။ ငွေ​ရှယ်ကယ်​လေးဆယ်​အပြင် မုန့်​နှင့် စပျစ်ဝိုင်​ကို​ပါ ယူ​ကြ​၏​။ သူ​တို့​၏​လက်အောက်ငယ်သား​တို့​သည်​လည်း ပြည်သူပြည်သား​တို့​ကို နိုင်လိုမင်းထက်​ပြု​ကြ​၏​။ ငါ​မူကား ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သောကြောင့် ထိုသို့​မ​ပြု​။


ငါ​က သူ​တို့​အား “​နေ​မ​မြင့်​မ​ချင်း ဂျေရုဆလင်​မြို့​တံခါး​ကို မ​ဖွင့်​နှင့်​။ တံခါးစောင့်​တို့​သည် တာဝန်ချိန်​တွင် တံခါး​များ​ကို​ပိတ်​၍ ချက်​များ​ကို ချထား​ရ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​သည် ကိုယ့်​အိမ်​ရှေ့​၊ ကိုယ့်​ကင်းတဲ​၌ အစောင့်​များ​ကို ချထား​ရ​မည်​”​ဟု မှာထား​၏​။


ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။


သစ္စာရှိ​သော​ပြည်သား​တို့​သည် အကျွန်ုပ်​နှင့်အတူ​နေထိုင်​ရ​မည့်​အကြောင်း သူ​တို့​ကို​အကျွန်ုပ်​ကြည့်ရှု​ပါ​မည်​။ စုံလင်​သော​တရားလမ်း​၌ လျှောက်လှမ်း​သော​သူ​သည် အကျွန်ုပ်​၏​အမှု​ကို ဆောင်ရွက်​ရ​ပါ​လိမ့်မည်​။


လူ​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​၊ သစ္စာရှိ​သော​သူ​၊ မတရား​သော​အကျိုးစီးပွား​ကို​မုန်း​သော​သူ​တို့​ကို ရွေးချယ်​၍ သူ​တို့​ကို လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ်​အဖြစ် ခန့်ထား​ရ​မည်​။


ထိုအခါ အခြား​အုပ်ချုပ်ရေးမှူး​နှင့် အုပ်ချုပ်ရေး​အရာရှိ​တို့​သည် နိုင်ငံ​အရေး​နှင့်​ပတ်သက်၍ ဒံယေလ​ကို စွပ်စွဲ​နိုင်​ရန် သူ​၏​အမှား​ကို ရှာကြံ​ကြ​၏​။ သို့သော် ဒံယေလ​သည် သစ္စာရှိ​သူ​ဖြစ်​သည်​နှင့်အညီ သူ​၌ မှားယွင်းမှု​၊ ပေါ့ဆမှု​တစ်စုံတစ်ရာ​မျှ​မ​ရှိ​။ သူ​၌​အမှား​မ​တွေ့​သောကြောင့် သူ့​ကို​စွပ်စွဲ​၍​မ​ရ​ကြ​။


ငါ​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သော ငါ​၏​အစေအပါး​မောရှေ​နှင့်​မူကား ထိုသို့​မ​ဟုတ်​ဘဲ


မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။


သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။


ဤ​နေရာ​တွင် ဘဏ္ဍာစိုး​သည် သစ္စာရှိ​ကြောင်း အသိအမှတ်ပြု​ခြင်း​ခံရ​သူ​ဖြစ်​ရ​မည်။


များစွာ​သော​သက်သေ​တို့​ရှေ့၌ ငါ့​ထံမှ ကြားနာ​ရ​သော​အရာ​တို့​ကို အခြား​သူ​တို့​အား​လည်း သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သည့် သစ္စာရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ