Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 6:3 - Common Language Bible

3 ထို့​နောက်​မ​ကြာ​မီ​ဒံ​ယေ​လ​သည်​အ​ခြား ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ​ဘု​ရင်​ခံ​များ ထက်​ပို​၍ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​လာ​၏။ သူ​သည် အ​လွန်​ပင်​ထူး​ချွန်​သ​ဖြင့် မင်း​ကြီး​သည် သူ့​အား​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ခု​လုံး​ကို ကွပ်​ကဲ​အုပ်​ချုပ်​စေ​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို ဒံ ယေ လ၌ ထူး ချွန် သော စိတ် ရှိ သ ဖြင့် ဘု ရင် ခံ၊ ဘု ရင် ခံ ချုပ် တ ကာ တို့ ထက် ကဲ လွန် သော ကြောင့် ဘု ရင် မင်း သည် နိုင် ငံ တစ် ဝှမ်း လုံး အ ပေါ် တွင် ခန့် ထား မည် ဟု ကြံ စည် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဒံယေလ​တွင် ထူးကဲ​သော​ဝိညာဉ်​ရှိ​၍ အခြား​အုပ်ချုပ်ရေးမှူး​၊ အုပ်ချုပ်ရေး​အရာရှိ​တို့​ထက် ထူးချွန်ထက်မြက်​သောကြောင့် ရှင်ဘုရင်​သည် သူ့​အား နိုင်ငံ​တော်​တစ်ခုလုံး​ကို အုပ်ချုပ်​စေ​မည်​ဟု အကြံ​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 6:3
12 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​အ​ကျိုး​ကို​ထပ်​မံ​၍​မ​ထိ​မ​ခိုက်​စေ​ရန်​ယင်း​အ​မိန့်​ကို​ချက်​ချင်း​ထုတ်​ပြန်​ကြ​ရ​မည်'' ဟူ​၍​တည်း။


ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။-


ယု​ဒ​အ​မျိုး​သား​မော်​ဒ​ကဲ​သည်​ဇေ​ရဇ်​ဘု​ရင် ပြီး​လျှင် နိုင်​ငံ​တော်​တွင်​တန်​ခိုး​အ​ကြီး​ဆုံး သော​သူ​ဖြစ်​၏။ သူ​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ချစ်​ခင်​ကြည်​ညို​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​၏​အ ကျိုး​နှင့် သူ​တို့​၏​သား​မြေး​များ​၏​လုံ​ခြုံ​မှု အ​တွက်​ဆောင်​ရွက်​ခဲ့​သော​သူ​ဖြစ်​ပေ​သည်။ ဧ​သ​တာ​ဝတ္ထု​ပြီး​၏။


သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။


ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။


သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။


သူ​သည်​အိပ်​မက်​များ​၏​အ​နက်​ကို​ပြန်​ဆို​မှု၊ ခက်​ခဲ​သော​အ​မေး​ပုစ္ဆာ​များ​ကို​ဖြေ​ရှင်း​မှု၊ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို​ထုတ်​ဖော် မှု​တို့​တွင်​အ​ထူး​တတ်​ကျွမ်း​သူ​ဖြစ်​ပါ​၏။ သို့ ဖြစ်​၍​ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော​ဘွဲ့​နာ​မ​ကို ခ​မည်း​တော်​ပေး​အပ်​တော်​မူ​ခဲ့​သူ​ဒံ​ယေ​လ အား​ဆင့်​ခေါ်​ပါ။ သူ​သည်​စာ​တန်း​၏​အ​နက် ကို​ဖော်​ပြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။


ဘု​ရား​များ ၏​ဝိ​ညာဉ်​သည်​သင်​၏​အ​တွင်း​၌​ကိန်း​အောင်း​သည် ဖြစ်​၍ သင်​သည်​ကျွမ်း​ကျင်​လိမ်​မာ​လျက်၊ အ​သိ အ​မြင်​ဉာဏ်​ပ​ညာ​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​ကြောင်း ငါ​ကြား​သိ​ရ​သည်။-


သို့​ဖြစ်​၍​ပ​ယော​ဂ​ဆ​ရာ​များ၊ မှော်​ဆ​ရာ များ​နှင့်​နက္ခတ်​ဆ​ရာ​များ​ကို​ခေါ်​သွင်း​ရန် ဟစ်​အော်​၍ မင်း​ချင်း​တစ်​ယောက်​အား​စေ​ခိုင်း တော်​မူ​၏။ ထို​သူ​တို့​ရောက်​ရှိ​လာ​ကြ​သော အ​ခါ​မင်း​ကြီး​က``ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့အား​ပြော​ကြား​နိုင်​သူ​အား တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​မည်။ ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​လည်း​ဆွဲ စေ​လျက်​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန်​ခိုး အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ငါ​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။-


သင်​သည်​ဘု​ရား​သ​ခင်​အား​စ​တင်​အ​သ နား​ခံ​သော​အ​ခါ ကိုယ်​တော်​သည်​သင့်​ပတ္ထ​နာ ကို​နား​ထောင်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင့် အား​ချစ်​မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ ကိုယ် တော်​၏​ဖြေ​ကြား​ချက်​ကို​သင့်​အား​ဖော် ပြ​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်။ ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ငါ​ရှင်း​လင်း​ဖော်​ပြ နေ​စဉ်​ဂ​ရု​ပြု​၍​နား​ထောင်​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ