အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
ဒေသနာကျမ်း။ 8:12 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။ Common Language Bible အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။ Garrad Bible အ ပြစ် သား သည်၊ မ ကောင်း မှု ကို အ ကြိမ် တစ် ရာ တိုင် တိုင် တာ ရှည် စွာ ပြု ကျင့် နိုင် သော် လည်း၊ ဘု ရား သ ခင် ရှေ့ တော် တွင်၊ ခန့် ညား ခြင်း ကင်း သည့် အ တွက်၊ အ ရိပ် မျှ ဖြစ် သော အ သက် တာ ကို မ ရှည် စေ နိုင် သည့် ပြင်၊ ကောင်း စား ခွင့် မ ရ သည် ကို လည်း ကောင်း၊ ဘု ရား သ ခင် ရှေ့ တော် တွင် ကြောက် ရွံ့ ခန့် ညား သူ မူ ကား၊ ကောင်း စား ခွင့် ရ မည် ကိုလည်း ကောင်း၊ ငါ အ မှန် သိ ၏။ Judson Bible အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။ |
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် ခိုင်မြဲစွာတည်ထားတော်မူပြီ။
ကိုယ်တော်က အမျက်ထွက်၍ ဒဏ်ခတ်တော်မူသည်မဟုတ်။ လွန်ခဲ့သောအပြစ်များကိုလည်း မှတ်တော်မူသည်မဟုတ်သောကြောင့်
ဟာလေလုယ။ ထာဝရဘုရားကို ကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကို အလွန်နှစ်သက်သောသူသည် မင်္ဂလာရှိ၏။
သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရ၍ ကြွယ်ဝသောငြိမ်းချမ်းခြင်း၌ မွေ့လျော်ရကြလိမ့်မည်။
သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသောထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။
ထို့ကြောင့် ဘုရားသခင်သည် ထိုဝမ်းဆွဲတို့အား ကျေးဇူးပြုတော်မူ၏။ အစ္စရေးလူမျိုးတို့သည်လည်း တိုးပွားကာ အလွန်အားကြီးလာ၏။
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
ဩတ္တပ္ပစိတ်အစဉ်အမြဲရှိသောသူသည် မင်္ဂလာရှိ၏။ မိမိ၏စိတ်နှလုံးကိုမာကျောစေသောသူမူကား ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
ဘုရားသခင်ပြုတော်မူသမျှအားလုံးသည် ထာဝရတည်ကြောင်းကိုလည်း ငါသိ၏။ ၎င်းအပေါ်၌ မည်သည့်အရာကိုမျှဖြည့်စွက်၍မရနိုင်သကဲ့သို့ ၎င်းအထဲမှ မည်သည့်အရာကိုမျှနုတ်ယူ၍မရနိုင်။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့ကြမည့်အကြောင်း ဘုရားသခင်သည် ထိုသို့ပြုတော်မူ၏။
ဤအရာသည်လည်း ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ လူသည် မိမိလာသည့်အတိုင်း အလျှင်းမခြားနားဘဲ ပြန်သွားရမည်။ သူသည် လေအတွက်ကြိုးပမ်းအားထုတ်သည်ဖြစ်၍ သူ၌မည်သည့်အကျိုးရှိသနည်း။
အိပ်မက်များပြားခြင်းအားဖြင့် အချည်းနှီးသောအရာနှင့် စကားတို့သည်လည်း များပြားလာတတ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့လော့။
ငါ၏အချည်းနှီးသောနေ့ရက်များ၌ ခပ်သိမ်းသောအမှုတို့ကို ငါတွေ့မြင်ပြီ။ မိမိ၏ဖြောင့်မတ်ခြင်းထဲ၌ ပျက်စီးရသည့် ဖြောင့်မတ်သောသူရှိသကဲ့သို့ မိမိ၏ဆိုးယုတ်ခြင်းထဲ၌ အသက်ရှည်ရသည့်ဆိုးယုတ်သောသူလည်းရှိ၏။
ဤအချက်ကိုဆုပ်ကိုင်ထားလျှင်ကောင်း၏။ အခြားတစ်ချက်ကိုလည်း လက်မလွတ်စေနှင့်။ အကြောင်းမူကား ဘုရားသခင်ကိုကြောက်ရွံ့သောသူသည် ထိုအရာအားလုံးကို အောင်နိုင်လိမ့်မည်။
ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသောစိတ်၊ ကြောက်ရွံ့သောစိတ် မရှိကြ။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ငါချမှတ်ပေးထားသောပညတ်တရားနှင့် ပြဋ္ဌာန်းချက်များကို သူတို့မလိုက်လျှောက်ကြ’ဟု မိန့်တော်မူ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။
သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ကောင်းစားကြမည့်အကြောင်း သွေးကိုမစားရ။ ထိုသို့ပြုခြင်းသည် ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မှန်သောအမှုကိုပြုခြင်းဖြစ်၏။
သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ အစဉ်ကောင်းစားမည့်အကြောင်း သင့်အား ငါမှာကြားထားသော ဤစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလော့။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မှန်သောအမှုတို့ကိုပြုခြင်းဖြစ်၏။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။