Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 16:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 မြေကြီးသား​အပေါင်း​တို့​၊ ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။ ကမ္ဘာမြေကြီး​ကို မ​လှုပ်ရှား​နိုင်​အောင် ခိုင်မြဲ​စွာ​တည်​ထား​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌ ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​သည်​မ​ရွှေ့​မ​လျား​နိုင်​အောင် မိ​မိ​၏​နေ​ရာ​တွင်​ခိုင်​မြဲ​စွာ​တည်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 အို မြေ တစ် ပြင် လုံး၊ ရှေ့ တော်၌ တုန် လှုပ် ကြ လော့။ ဤ လော က သည် မ လှုပ် မ ရှား နိုင် အောင် တည် လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 16:30
15 ပူးပေါင်းရင်းမြစ်များ  

မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ကယ်တင်​ခြင်း​အကြောင်း​ကို နေ့ရက်​အစဉ်​ဟောပြော​ကြ​လော့​။


အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​။ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်း​လှ​၏​။


ထာဝရဘုရား​၏​နာမ​တော်​ဘုန်းကြီး​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ ပူဇော်သက္ကာ​ကို ရှေ့​တော်​သို့ ယူဆောင်​လာ​ကြ​လော့​။ သန့်ရှင်း​ခြင်း​တန်ဆာ​ကို​ဆင်​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။


မိုးကောင်းကင် ဝမ်းမြောက်​ပါ​စေ​။ ကမ္ဘာမြေကြီး ရွှင်လန်း​ပါစေ​။ လူမျိုးခြား​တို့​အလယ်​တွင် “​ထာဝရဘုရား စိုးစံ​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​စေ​။


အကြောင်းမူကား ကိုယ်တော်​မြွက်ဆို​တော်မူ​သောအခါ ထို​အတိုင်း​ဖြစ်​၏​။ ကိုယ်တော်​အမိန့်ပေး​တော်မူ​သောအခါ ထို​အတိုင်း​တည်​လျက်​နေ​၏​။


ကိုယ်တော်​သည် တရားစီရင်ချက်​ကို ကောင်းကင်​မှ ကြေညာ​တော်မူ​၏​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၍ ဘုန်းတန်ခိုး​တော်​ကို ဆင်မြန်း​တော်မူ​၏​။ ထာဝရဘုရား​သည် ထိုသို့​ဆင်မြန်း​၍ မိမိကိုယ်ကို​အစွမ်းသတ္တိ​နှင့်​ပတ်စည်း​တော်မူ​၏​။ ကမ္ဘာလောက​သည်​လည်း မ​တုန်လှုပ်​နိုင်​အောင် တည်မြဲ​လျက်​ရှိ​၏​။


သန့်ရှင်း​ခြင်း​အသရေ​တော်​နှင့်​ပြည့်စုံ​သော​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ လူမျိုးတကာ​တို့​သည် ထိတ်လန့်တုန်လှုပ်​ကြ​ပါစေ​။ ကိုယ်တော်​သည် ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​၏​။ မြေကြီး​သည် လှုပ်ခါ​ပါစေ​။


ထာဝရဘုရား​က “​နှစ်သက်​လက်ခံ​ဖွယ်​အချိန်​၌ သင့်​ကို​ငါ​ထူး​ပြီ​။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ငါ​ကူညီမစ​ပြီ​။ သင်​သည် ပြည်​တော်​ကို ပြန်လည်​ထူထောင်​ရန်​၊ လူသူကင်းမဲ့​သော​အမွေ​ပြည်​ကို အမွေဆက်ခံ​ရန် ငါ​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​ဖြစ်စေ​မည်​။


ကိုယ်တော်​သည် တန်ခိုး​တော်​အားဖြင့် မြေကြီး​ကို​ဖန်ဆင်း​တော်မူ​၏​။ ဉာဏ်ပညာ​အားဖြင့် ကမ္ဘာကြီး​ကို တည်​တော်မူ​၏​။ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို ဖြန့်ကြက်​တော်မူ​၏​။


သား​တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ထက် အလျင်​ဦးစွာ​ရှိ​နှင့်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၌​စုပေါင်း​တည်ရှိ​ကြ​၏။


သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ