ဝတ်လုံ၏အောက်နားအတွက် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် သလဲသီးပုံများကို လုပ်ရမည်။ အောက်နားပတ်ပတ်လည်ရှိ သလဲသီးပုံများအကြားတွင် ရွှေဆည်းလည်းများကိုလည်း ပတ်ပတ်လည်တပ်ရမည်။
ထွက်မြောက် 39:26 - မြန်မာ့စံမီသမ္မာကျမ်း အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သော ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်၏။ Garrad Bible အ မှု တော် ကို ဆောင် ရွက် ရန် ဝတ် ရုံ သော ဝတ် လုံ ပတ် လည် အ မြိတ်၌ သ လဲ သီး ပုံ နှင့် ချူ တစ် လုံး ကြား စီ ရှိ၏။ Judson Bible သလဲသီးတစ်လုံး၊ ဆည်းလည်းတစ်လုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသောဝတ်လုံကို လုပ်၍ပြီးလေ၏။ |
ဝတ်လုံ၏အောက်နားအတွက် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် သလဲသီးပုံများကို လုပ်ရမည်။ အောက်နားပတ်ပတ်လည်ရှိ သလဲသီးပုံများအကြားတွင် ရွှေဆည်းလည်းများကိုလည်း ပတ်ပတ်လည်တပ်ရမည်။
ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်ရမည်။
ရွှေစင်ဆည်းလည်းများကိုလည်းလုပ်၍ ထိုဆည်းလည်းများကို ဝတ်လုံ၏အောက်နားပတ်ပတ်လည်ရှိ သလဲသီးပုံများအကြားတွင် တပ်၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့အတွက် ရက်လုပ်ထားသောပိတ်ချောထည် အတွင်းသင်တိုင်းများ၊
သင့်အစို့အညှောက်သည် အကောင်းဆုံးအသီးကိုသီးသောသလဲတော၊ နာဒုပင်ရောပေါက်သော ဟင်္နာတော၊
သင့်နှုတ်ခမ်းများသည်လည်း အနီရောင်ဖဲကြိုးနှင့် တူပါ၏။ သင့်နှုတ်သည်လည်း ချစ်စရာကောင်းလှပါ၏။ မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့် တူပါ၏။
မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့်တူပါ၏။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသောအမျိုးသမီးတစ်ဦးသည် “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု မိမိစိတ်ထဲ၌ဆိုလျက် ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်ပြီး ဝတ်ရုံတော်၏ပန်းဖွားကို တို့ထိလေ၏။