Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သင့်​နှုတ်ခမ်း​များ​သည်​လည်း အနီရောင်​ဖဲကြိုး​နှင့် တူ​ပါ​၏​။ သင့်​နှုတ်​သည်​လည်း ချစ်စရာကောင်း​လှ​ပါ​၏​။ မျက်နှာလွှား​အောက်​မှ သင့်​ပါးပြင်​သည်​လည်း ထက်ခြမ်းခွဲ​ထား​သော​သလဲသီး​နှင့် တူ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 နှုတ် ခမ်း လည်း နီ မြန်း သော ကြိုး နှင့် တူ လျက်၊ သာ ယာ သော စ ကား ရှိ သည့် ပြင်၊ ရှေ့ ကာ အောက် နား ထင် သည်၊ သ လဲ ရောင် နှင့် တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 နှုတ်​ခမ်း​သည်​လည်း နီ​ထွေး​သော​ကြိုး​နှင့် တူ၏။ စ​ကား​သံ​လည်း သာ​ယာ​ပေ၏။ နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ယှက်​နှင့် တူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 4:3
29 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အစေအပါး​အပေါ်​ထား​တော်မူ​သော မေတ္တာကရုဏာ​တော်​အလုံးစုံ​၊ သစ္စာ​တော်​အလုံးစုံ​ကို အကျွန်ုပ်​မခံထိုက်​ပါ​။ အကျွန်ုပ်​သည် ဤ​ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ခဲ့​စဉ်က တောင်ဝှေး​တစ်​ချောင်း​သာ​ပါ​ပါ​၏​။ ယခု​မူကား အုပ်စု​နှစ်​စု​ဖြစ်လာ​ပါ​ပြီ​။


“​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် အလွန်​ရှက်​လှ​ပါ​၏​။ အသရေပျက်​လျက် ရှိ​ပါ​၏​။ ကိုယ်တော့်​ကို မ​မျှော်ကြည့်​ဝံ့​ပါ​။ အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​များ​သည် ဦးခေါင်း​ကို​ပင် ကျော်လွန်​၍ မိုးကောင်းကင်​ထိ​တိုင် ရောက်​ပါ​ပြီ​။


အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။


ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​တတ်​၏​။ သူ​၏​လျှာ​သည်​လည်း တရားမျှတ​သော​စကား​ကို​ပြောဆို​တတ်​၏​။


ကိုယ်တော်​သည် လူသား​တို့​ထက် အဆင်းလှ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ခမ်း​သည် ကျေးဇူး​တော်​ဖြင့် ဘိသိက်​ခံရ​ပါ​၏​။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ကောင်းချီးပေး​တော်မူ​ပြီ​။


အသိဉာဏ်​ရှိ​သော​သူ​၏​နှုတ်ခမ်း​တွင် ဉာဏ်ပညာ​ကို​တွေ့​ရ​၏​။ အသိစိတ်​မ​ရှိ​သော​သူ​၏​ကျောကုန်း​အတွက်​မူကား ကြိမ်လုံး​ရှိ​၏​။


သူ​သည် ဉာဏ်ပညာ​ဖြင့် မိမိ​နှုတ်​ကို​ဖွင့်​တတ်​၏​။ သူ​၏​လျှာ​ပေါ်၌ မေတ္တာကရုဏာ​နှင့်​ပြည့်စုံ​သော သွန်သင်ချက်​ရှိ​၏​။


“အို ဂျေရုဆလင်​သမီးပျို​တို့​၊ အကျွန်ုပ်​သည် အသားမည်း​သော်လည်း ချစ်စရာကောင်း​ပါ​၏​။ ကေဒါ​တဲ​များ​၊ ရှောလမုန်​မင်းကြီး​၏​ရွက်ထည်​များ​နှင့် တူ​ပါ​၏​။


အို ငါ့​သတို့သမီး​၊ သင့်​နှုတ်ခမ်း​တို့​သည် ပျားလပို့​မှ ပျားရည်​ယို​သကဲ့သို့ ဖြစ်​ပါ​၏​။ သင့်​လျှာ​အောက်​တွင် ပျားရည်​၊ နို့ရည်​တို့ ရှိ​ပါ​၏​။ သင့်​အဝတ်အစား​တို့​၏​ရနံ့​သည်​လည်း လက်ဘနွန်​ရနံ့​နှင့် တူ​ပါ​၏​။


သူ့​ပါးပြင်​တို့​သည် မွှေးကြိုင်​သော​အိပ်ရာ​၊ အမွှေးနံ့သာ​ထုံသင်း​သော​ရဲတိုက်​နှင့်​တူ​၏​။ သူ့​နှုတ်ခမ်း​သည်​လည်း မုရန်​ဆီ​ယို​စီး​သော နှင်းပန်း​နှင့်​တူ​၏​။


နှုတ်​ချို​၍ သူ့​တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်​ဖြစ်​၏​။ အို ဂျေရုဆလင်​သမီးပျို​တို့​၊ ဤ​သူ​ကား အကျွန်ုပ်​၏​ချစ်သူ​၊ ဤ​သူ​သည် အကျွန်ုပ်​မိတ်ဆွေ ဖြစ်​၏​။​”


မျက်နှာလွှား​အောက်​မှ သင့်​ပါးပြင်​သည်​လည်း ထက်ခြမ်းခွဲ​ထား​သော​သလဲသီး​နှင့်​တူ​ပါ​၏​။


သင့်​နှုတ်​သည် အကောင်းစား​စပျစ်ဝိုင်​ဖြစ်​ပါစေ​။” “အကျွန်ုပ်​ချစ်သူ​အဖို့ ထို​စပျစ်ဝိုင်​သည် နှုတ်ခမ်း​နှင့် သွား​များ​မှတစ်ဆင့် ချောမွေ့​စွာ​စီးဆင်း​ပါ​၏​။


ငါ​သည် သင်​ပြု​ခဲ့​သမျှ​တို့​ကို ခွင့်လွှတ်​ပေး​သောအခါ သင်​လုပ်​ခဲ့​သော​ရှက်ဖွယ်​လုပ်ရပ်​ကို သင်​အောက်မေ့​၍ ရှက်​သောကြောင့် နှုတ်​ပင်​ဟ​နိုင်​တော့​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


ယဇ်ပုရောဟိတ်​သည် စင်ကြယ်​စေ​ခြင်း​ခံ​မည့်​သူ​အတွက် စင်ကြယ်​သော​ငှက်​အရှင်​နှစ်​ကောင်​၊ သစ်ကတိုးသား​၊ အနီရောင်​ချည်​နှင့် ဟုဿုပ်ညွန့်​တို့​ကို ယူဆောင်​လာ​ရ​မည်​ဟု မိန့်မှာ​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ကျန်​ငှက်​အရှင်​ကို​ယူ​၍ သစ်ကတိုးသား​၊ အနီရောင်​ချည်​၊ ဟုဿုပ်ညွန့်​တို့​နှင့်အတူ ထို​ငှက်​အရှင်​ကို စမ်းရေ​ပေါ်တွင်​သတ်​ခဲ့​သော​ငှက်​သွေး​ထဲသို့ နှစ်​၍


ယဇ်ပုရောဟိတ်​သည် သစ်ကတိုးသား​၊ ဟုဿုပ်ညွန့်​၊ အနီရောင်​ချည်​တို့​ကို​ယူ​၍ နွားမတမ်း​ကို​ရှို့​သော​မီးပုံ​ထဲ​သို့ ပစ်ထည့်​ရ​မည်​။


ထို​အရာ​တို့​ပေါ်၌ အနီရောင်​အဝတ်​ကို ဖြန့်ခင်း​၍ ထို​အဝတ်​ကို တဟာရှ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီးလျှင် စားပွဲ​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။


ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​များ​ကို ကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​များ​ကို မကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။


လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးကျူး​ကြ​ပြီး ကိုယ်တော်​၏​တင့်တယ်​သော နှုတ်​ထွက်​စကား​တို့​ကို အံ့သြ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။


သင်​တို့​၏​နှုတ်​ထဲမှ မကောင်း​သော​စကား​တစ်ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေးဇူးပြု​နိုင်​ရန် လိုအပ်​ချက်​နှင့်အညီ တည်ဆောက်​စရာ​ဖြစ်​စေ​သည့် ကောင်း​သော​စကား​တို့​ကို​သာ ပြောဆို​ကြ​လော့။


လူ​တစ်​ဦး​စီ​အား မည်သို့​ပြန်ဖြေ​ရ​မည်​ကို သင်​တို့​သိရှိ​နိုင်​ရန် သင်​တို့​၏​စကား​သည် ဆား​ဖြင့်​အရသာ​ရှိ​လျက် အစဉ်အမြဲ​တင့်တယ်​ခြင်း​ရှိ​ပါစေ။


အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်


ဤ​ပြည်​သို့ ငါ​တို့​ရောက်လာ​သောအခါ ဤ​ကြိုးနီ​ကို ငါ​တို့​လျှောဆင်း​လာ​ခဲ့​သော​ပြတင်းပေါက်​၌ ချည်​ထား​ရ​မည်​။ သင်​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​နှင့် ဆွေမျိုးသားချင်း​အားလုံး​ကို သင့်​အိမ်​၌ ခေါ်ထား​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ