Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 39:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​နှင့်​သူ​၏​သား​တို့​အတွက် ရက်လုပ်​ထား​သော​ပိတ်ချောထည် အတွင်းသင်တိုင်း​များ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သူ​တို့​သည်​အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​တွက် အ​တွင်း​ခံ​အင်္ကျီ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း အာ ရုန် နှင့် သား တို့ အ ဖို့ လျော် ချည် လက် ကျပ် ဝတ် လုံ များ ကို လည်း ကောင်း၊ လျှော် ချည် ဗောင်း ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ရက်​သော​ပိတ်​ချော​အင်္ကျီ​များ​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 39:27
14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ရွှေ​စင်​ပြား​ကို​လုပ်​၍ ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ရွှေစင်ပြား​ပေါ်၌ ‘ထာဝရဘုရား​၌​သန့်ရှင်း​ခြင်း’​ဟု ကမ္ပည်းထိုး​ရ​မည်​။


အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော ဝတ်လုံ​၏​အောက်နား​ပတ်ပတ်လည်​တွင် ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး​၊ ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး တစ်လုံးခြားစီ တပ်​၏​။


ပိတ်ချောထည်​ခေါင်းပေါင်း​၊ ပိတ်ချောထည်​ဦးထုပ်​များ​၊ ပိတ်ချောထည်​ဘောင်းဘီ​များ​၊


ငါ​သည် ထာဝရဘုရား​၌ အလွန်​ဝမ်းမြောက်​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌ ရွှင်လန်း​မည်​။ အကြောင်းမူကား သတို့သား​သည် ခေါင်းပေါင်း​ပေါင်း​ထား​သကဲ့သို့​၊ သတို့သမီး​သည် ရတနာ​များ​ဖြင့် ကိုယ်​ကို​တန်ဆာဆင်​ထား​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ကယ်တင်​ခြင်း​အဝတ်တန်ဆာ​ဆင်ယင်​ပေး​၍ ဖြောင့်မတ်​ခြင်း​ဝတ်ရုံ​လွှမ်းခြုံ​စေ​တော်မူ​ပြီ​။


သူ​တို့​သည် အတွင်း​ဝင်း​တံခါး​သို့ ဝင်​သောအခါ ချည်ချောထည်​ကို ဝတ်​ရ​မည်​။ အတွင်း​ဝင်း​တံခါး​၌​ဖြစ်စေ​၊ အိမ်​တော်​တွင်း​၌​ဖြစ်စေ အမှု​တော်​ထမ်းဆောင်​သောအခါ သိုးမွေးထည်​ကို မ​ဝတ်​ရ​။


ချည်ထည်​ခေါင်းပေါင်း​ကို ပေါင်း​ရ​မည်​။ ခါးစည်း ပိတ်ချော​ဘောင်းဘီ​ကို ဝတ်​ရ​မည်​။ ချွေးထွက်​စေ​သော​အထည်​ကို မ​ဝတ်​ရ​။


ယဇ်ပုရောဟိတ်​သည် ကိုယ်​ပေါ်၌ ပိတ်ချော​အင်္ကျီ​နှင့် ပိတ်ချော​ဘောင်းဘီ​ကို​ဝတ်​၍ ယဇ်ပလ္လင်​ပေါ်​ရှိ မီး​လောင်ကျွမ်း​ထား​သည့်​မီးရှို့ရာယဇ်​၏​ပြာပုံ​ကို ထုတ်ယူ​ပြီး ယဇ်ပလ္လင်​၏​ဘေး​၌ ပုံထား​ရ​မည်​။


မောရှေ​သည် အာရုန်​၏​သား​တို့​ကို​လည်း ခေါ်ဆောင်​လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ဝတ်ပေး​ပြီး ခါးစည်း​စည်းပေး​၏​။ ခေါင်းပေါင်း​ကို​လည်း ပေါင်းပေး​၏​။


သခင်​ယေရှု​ခရစ်တော်​ကို ဝတ်ဆင်​ကြ​လော့။ သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို​ဖြည့်ဆည်း​ရန် မ​ကြံစည်​ကြ​နှင့်။


၎င်း​မှာ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ယုံကြည်​သူ​အပေါင်း​တို့​အပေါ်​သက်ရောက်​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်သည့်​ခြားနား​မှု​မျှ​မ​ရှိ။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၌​ဗတ္တိဇံ​ခံ​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​ကို​ဝတ်ဆင်​ကြ​၏။


သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​ကို အသင့်​ပြင်ဆင်​ထား​လျက် သမ္မာသတိ​ရှိ​ကြ​လော့။ ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ထံသို့ သက်ရောက်​လာ​မည့်​ကျေးဇူး​တော်​ကို အပြည့်အဝ​မျှော်လင့်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ