ထွက်မြောက် 39 - Garrad Bible1 သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် စေ ခြင်း ငှါ ဖွတ် မြီး ထိုး အ ဝတ် ကို လည်း ကောင်း၊ အာ ရုန် ဝတ် ရုံ ရန် သန့် ရှင်း သော သင်္ကန်း စုံ ကို လည်း ကောင်း၊ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း အ ပြာ အ မောင်း အ နီ ချည် များ နှင့် ရက် လုပ် လေ ၏။ 2 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း လည်း၊ ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ကိုယ် ဝတ် ကို လုပ် ရာ၊ 3 ပိုး လျှော် မှ စ သော အ ပြာ အ မောင်း အ နီ ချည် များ နှင့် တ ကွ၊ လက် မြောက် သူ့ အ တတ် ဖြင့် ရက် လုပ် နိုင် ရန် ရွှေ ကို ခတ်၍ နန်း ချည် ဆွဲ လေ ၏။ 4 အ နား နှစ် ဘက် တွယ် ကပ် လျက် ရှိ သော ပ ခုံး သိုင်း ကြိုး နှစ် ပင် ကို ရက် လုပ် လေ၏။ 5 ကိုယ် ဝတ် ရင် စည်း ကို လည်း အ ပြာ အ မောင်း အ နီ ချည် မှ စ၍ ရွှေ ချည်၊ ပိုး လျှော် များ နှင့် တစ် ဆက် တည်း အ ဆင် တူ လုပ် ၏။ 6-7 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း တံ ဆိပ် ပေါ် မှာ ရေး တင် သ ကဲ့ သို့ ဣ သ ရေ လ၏ သား တို့ အ မည် များ ပါ လျက် ရွှေ ပန်း ထည်၌ ထည့် သော မ ဟူ ရာ ကျောက် နှစ် လုံး ကို သွေး ပြီး လျှင် ဣ သ ရေ လ အ မျိုး သား တို့ အ ထိမ်း အ မှတ် ကျောက် မျက် ဖြစ် စေ ခြင်း ငှါ ကိုယ် ဝတ် ပ ခုံး သိုင်း၌ တပ် ထား လေ ၏။ 8 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း အ ပြာ အ မောင်း အ နီ ချည် မှ စ၍ ရွှေ ချည်၊ ပိုး လျှော် များ နှင့် လက် မြောက် သူ့ အ တတ် ဖြင့် ကိုယ် ဝတ် အ ဆင် တူ ရင် လွှမ်း ကို ရက် လုပ် ၏။ 9 နှစ် ထပ် လုပ် သည့် အ တိုင်း နှစ် ထပ် ရင် လွှမ်း သည် အ လျား တစ် ထွာ၊ အ နံ တစ် ထွာ၊ စ တု ရန်း ဖြစ်၏။ 10 ထို ရင် လွှမ်း၌ ကျောက် မျက် လေး တန်း ချယ် စီ၍ ပ ထ မ အ တန်း ကား ပ တ္တ မြား၊ 11 ဥဿ ဘ ယား၊ မြ။ ဒု တိ ယ အ တန်း ကား ဆီး၊ 12 ကျောက် ပြာ၊ ကြောင်၊ တ တိ ယ အ တန်း ကား နီ လာ၊ 13 မ ဟူ ရာ အ နက်၊ ဂေါ် မုတ်။ စ တု တ္ထ အ တန်း ကား မျက် ရွဲ၊ မ ဟူ ရာ၊ န ဂါး သွဲ့ များ ကို အ သီး အ သီး ဆိုင် ရာ ရွှေ ကျောက် အိုး ထဲ၌ ထည့် သွင်း လေ ၏။ 14 တံ ဆိပ် ပေါ် မှာ ရေး တင် သ ကဲ့ သို့ ဣ သ ရေ လ၏ သား တို့ အ မည် အ လိုက် ထို ကျောက် မျက် များ တွင် ရေး တင်၍ အ သီး အ သီး အ မည် အ လျောက် ဆယ့် နှစ် နွယ် အ မှတ် အ ဖြစ် ဆယ့် နှစ် လုံး ရှိ သ တည်း။ 15-17 ရင် လွှမ်း၌ ရွှေ စင် နန်း ကြိုး လိမ် နှစ် ပင်၊ ရွှေ ပန်း ထည် နှစ် ခု နှင့် ရွှေ နှစ် ကွင်း ကို လုပ် ပြီး မှ၊ ရင် လွှမ်း နှစ် စွန်း၌ ထို နှစ် ကွင်း ကို လည်း ကောင်း၊ ထို နှစ် ကွင်း၌ ရွှေ နန်း ကြိုး လိမ် နှစ် ပင် ကို လည်း ကောင်း၊ တပ် ထား လျက်၊ 18 နန်း ကြိုး လိမ် နှစ် ပင် အ ဖျား ကို လုပ် ပြီး ပန်း ထည် နှစ် ခု တွင် သွင်း တပ် ပြီး လျှင် ကိုယ် ဝတ် ပ ခုံး သိုင်း ရှေ့ မှာ တပ် ထား ၏။ 19 အ ခြား ရွှေ နှစ် ကွင်း ကို လုပ်၍ ကိုယ် ဝတ် ထိ ရင် လွှမ်း အ တွင်း နား နှစ် စွန်း၌ တပ် ၏။ 20 အ ခြား ရွှေ နှစ် ကွင်း ကို လည်း လုပ်၍ ကိုယ် ဝတ် ပ ခုံး သိုင်း အောက် နှစ် စွန်း ရှေ့၌ တွယ် ရာ အ နီး၊ ကိုယ် ဝတ် ရင် စည်း အ ထက် တွင် တပ် ၏။ 21 ရင် လွှမ်း ကို ကိုယ် ဝတ် ရင် စည်း အ ပေါ်၌ တင် လျက် ကိုယ် ဝတ် မှ မ ကွာ စေ ရန် ရင် လွှမ်း ကွင်း နှင့် ကိုယ် ဝတ် ကွင်း များ ကို ကြိုး ပြာ ဖြင့် ချည် ထား ၏။ 22 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ကိုယ် ဝတ် ဆိုင် ရာ ဝတ် လုံ ကို အ ပြာ ချည် သက် သက် နှင့် ရက် လုပ် ပြီး လျှင်၊ 23 ဝတ် လုံ၌ လည် စွပ် ပေါက် ပါ သည် နှင့် မ စုတ် စေ ခြင်း ငှါ သင် တိုင်း လည် ခွံ ကဲ့ သို့ ကွပ် လေ၏။ 24 ဝတ် လုံ အ မြိတ်၌ ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် သ လဲ သီး ပုံ များ ကို ထိုး လုပ် ပြီး လျှင်၊ 25 ရွှေ စင် ချူ များ ကို လည်း လုပ်၍ ဝတ် လုံ ပတ် လည် အ မြိတ်၊ သ လဲ သီး ပုံ များ ကြား တွင် ဆွဲ ထား သည် နှင့် အ ညီ၊ 26 အ မှု တော် ကို ဆောင် ရွက် ရန် ဝတ် ရုံ သော ဝတ် လုံ ပတ် လည် အ မြိတ်၌ သ လဲ သီး ပုံ နှင့် ချူ တစ် လုံး ကြား စီ ရှိ၏။ 27 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း အာ ရုန် နှင့် သား တို့ အ ဖို့ လျော် ချည် လက် ကျပ် ဝတ် လုံ များ ကို လည်း ကောင်း၊ လျှော် ချည် ဗောင်း ကို လည်း ကောင်း၊ 28 တင့် တယ် သော လျှော် ချည် ဦး ရစ် များ ကို လည်း ကောင်း၊ ပိုး လျှော် ပေါင်း ဘီ များ ကို လည်း ကောင်း၊ 29 ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး သော ခါး ပန်း ကို လည်း ကောင်း ရက် လုပ် လေ ၏။ 30-31 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း၊ သန့် ရှင်း သော ရွှေ စင် သင်း ကျစ် ကို လုပ် ပြီး လျှင် တံ ဆိပ် ပေါ် မှာ ရေး တင် သ ကဲ့ သို့ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား ပြီ ဟူ သော က မ္ပည်း ကို ရေး တင်၍ ဗောင်း ထက် တွင် ကပ် ရန် ကြိုး ပြာ ကို တပ် ထား လေ ၏။ 32 ထို သို့၊ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ ပြု လျက် တွေ့ ဆုံ၍ စံ တော် မူ ရာ တဲ တော် အ လုပ် အ ဆောင် ရှိ သ မျှ ကို ပြီး စီး ကြ ၏။ 33 ထို အ ခါ သူ တို့ သည် စံ ရာ တော် နှင့် တဲ တော် မှ စ၍ ချိတ်၊ ဘောင် ခွေ၊ ကန့် လန့် ကျင်၊ တိုင်၊ အောက် ခံ ခုံ အ စ ရှိ သော ကိ ရိ ယာ တန် ဆာ ရှိ သ မျှ ကို လည်း ကောင်း၊ 34 အ နီ ဆိုး သော သိုး ရေ အ မိုး၊ ဖျံ ရေ အ မိုး၊ ကာ ရန် ကန့် လန့် ကာ များ ကို လည်း ကောင်း၊ 35 သက် သေ တော် သေ တ္တာ၊ ထမ်း ပိုး များ နှင့် အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို လည်း ကောင်း၊ 36 စား ပွဲ တော်၊ ကိ ရိ ယာ တန် ဆာ ရှိ သ မျှ နှင့် ရှေ့ တော် တင် မုန့် ကို လည်း ကောင်း၊ 37 ရွှေ စင် မီး ခုံ တော်၊ ခင်း ကျင်း ရန် မီး ခွက် မှ စ၍ ကိ ရိ ယာ တန် ဆာ ရှိ သ မျှ နှင့် မီး ပူ ဇော် ရန် ဆီ ကို လည်း ကောင်း၊ 38 ပူ ဇော် ရာ ပ လ္လင် တော်၊ ဘိ သိက် သွန်း ရန် ဆီ၊ တင် ရှို့ ရန် အ သင်း အ ထုံ၊ တဲ တော် မုတ် ဝ ပိတ် ရန် ကန့် လန့် ကာ များ ကို လည်း ကောင်း၊ 39 ပူ ဇော် ရာ ကြေး ပ လ္လင် တော် မှ စ၍ ကြေး ရာ ဇ မတ်၊ ထမ်း ပိုး၊ အ သုံး အ ဆောင် ရှိ သ မျှ အင် တုံ နှင့် အောက် ခြေ များ ကို လည်း ကောင်း၊ 40 တံ တိုင်း တင်း တိမ် ရံ နှင့် ဆိုင် ရာ တိုင်၊ အောက် ခံ ခုံ၊ တံ တိုင်း တံ ခါး ဖြစ် ရန် ကန့် လန့် ကာ၊ ကြိုး၊ ကြက် ဆူး၊ စံ ရာ တော် နှင့် တွေ့ ဆုံ ရာ တဲ တော် မှု ရေး အ ဖို့ အ သုံး အ ဆောင် တော် ရှိ သ မျှ ကို လည်း ကောင်း၊ 41 သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် ရန် ဖွတ် မြီး ထိုး အ ဝတ်၊ ပ ရော ဟိတ် အ ဖြစ် ဆောင် ရွက် ကြ စေ ရန် ပ ရော ဟိတ် အာ ရုန့် အ ဖို့ သန့် ရှင်း သော သင်္ကန်း စုံ နှင့် သား တို့ သင်္ကန်း ကို လည်း ကောင်း၊ မော ရှေ့ ထံ ဆောင် သွင်း ကြ၏။ 42 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပင် ဣ သ ရေ လ အ မျိုး သား တို့ သည် အ လုပ် အ ဆောင် ရှိ သ မျှ ကို လက် စ သတ် ကြ ပြီး မှ၊ 43 မော ရှေ သည် ထို အ လုပ် အ ဆောင် ရှိ သ မျှ ကို ကြည့် ရှု လျှင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း လုပ် ဆောင် ကြ သည် ကို သိ မြင်၍ ထို သူ တို့ အား ကောင်း ကြီး ပေး လေ ၏။ |
Garrad Holy Bible © Bible Society of Myanmar, 1928.
Bible Society of Myanmar