တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီတင်ထား၏။
ထွက်မြောက် 38:8 - မြန်မာ့စံမီသမ္မာကျမ်း ကြေးနီအင်တုံနှင့်ကြေးနီခြေတိုင်ကို တွေ့ဆုံစည်းဝေးရာတဲတော်၏အဝင်ဝ၌အစေခံသော အမျိုးသမီးတို့၏ကြေးမုံဖြင့် လုပ်ထား၏။ Common Language Bible သူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝတွင် တာဝန်ကျသောအမျိုး သမီးတို့၏ကြေးမုံများဖြင့်၊ ကြေးဝါ အင်တုံနှင့်အောက်ခံကိုပြုလုပ်၏။ Garrad Bible တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ ရှေ့၊ အ စေ ခံ သော မိန်း မ တို့၏ ကြေး မှုံ ပြင် များ ဖြင့် အင် တုံ၊ အောက် ခြေ ကို လည်း လုပ် လေ ၏။ Judson Bible ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သောမိန်းမတို့၏ ကြေးဝါမှန်များကိုယူ၍ ကြေးဝါအင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။ |
တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီတင်ထား၏။
အချင်းအတောင်တစ်ဆယ်၊ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
မီးရှို့ရာယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ အင်တုံနှင့် ထိုအင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
ယဇ်ပလ္လင်ကိုထမ်းရန် ယဇ်ပလ္လင်၏ဘေးတစ်ဖက်တစ်ချက်၌ရှိသောကွင်းများထဲသို့ ထမ်းပိုးတို့ကိုလျှိုသွင်းထား၏။ ယဇ်ပလ္လင်ကို ပျဉ်ပြားများဖြင့် အခေါင်းပေါက်ဖြစ်အောင်လုပ်၏။
တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အကြား၌ အင်တုံကိုထား၍ ရေကိုထည့်ရမည်။
ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
ယေရှုကလည်း“ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးမဟုတ်”ဟု မိန့်တော်မူ၏။
ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်သော ထိုတပည့်တော်သည်ထွက်လာ၍ တံခါးစောင့်မိန်းမအားပြောပြီးလျှင် ပေတရုကို အထဲသို့ခေါ်သွားလေ၏။
အမှန်တကယ်မုဆိုးမဖြစ်ပြီး တစ်ဦးတည်းကျန်ရစ်သောအမျိုးသမီးသည် ဘုရားသခင်ကိုမျှော်လင့်အားထားလျက် နေ့ရောညပါ အသနားခံခြင်းနှင့်ဆုတောင်းခြင်းတို့ကို စွဲမြဲစွာပြုတတ်၏။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
ဧလိသည်လည်း အသက်အရွယ်အိုမင်းလာ၏။ သူ့သားတို့သည် အစ္စရေးတစ်မျိုးသားလုံးတို့အား ပြုသမျှကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝတွင် အစေခံသောအမျိုးသမီးတို့နှင့်အတူ အိပ်သည်ကိုလည်းကောင်း ကြားသိလေ၏။