Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ထွက်​မြောက် 38 - Garrad Bible

1 အ မြင့် သုံး တောင်၊ အ လျား ငါး တောင်၊ အ နံ ငါး တောင်၊ စ တု ရန်း ဖြစ် သော မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ကို ရှား သား နှင့် လုပ် လေ ၏။

2 ပ လ္လင် တော် လေး ထောင့် အ ပေါ် တွင် စိန် တောင် များ ကို တစ် ဆက် တည်း လုပ်၍ ကြေး နှင့် ဖုံး အုပ် လေ ၏။

3 အိုး၊ ကော် ပြား၊ အင် တုံ၊ ခက် ရင်း၊ မီး ကျီး ခံ အ စ ရှိ သော ပ လ္လင် တော် ဆိုင် ရာ အ သုံး အ ဆောင် ရှိ သ မျှ ကို ကြေး နှင့် လုပ် လေ ၏။

4 ပ လ္လင် တော် ခါး ဆင့် အောက် အ လယ် ထိ မီ သော ကြေး ရာ ဇ မတ် ကို လုပ် လေ ၏။

5 ကြေး ရာ ဇ မတ် ထောင့် လေး ထောင့် အ ပေါ် မှာ ထမ်း ပိုး ပေါက် ဖြစ် စေ ခြင်း ငှါ ကွင်း လေး ကွင်း ကို သွန်း လုပ် ပြီး လျှင်၊

6 ရှား သား ထမ်း ပိုး များ ကို လုပ်၍ ကြေး နှင့် ဖုံး အုပ် ပြီး မှ၊

7 ပ လ္လင် တော် ကို ထမ်း ရန် နံ ဘေး နှစ် ချက် ရှိ ကွင်း များ၌ လျှို ထား လေ ၏။ အ ခေါင်း ပါ သော ထို ပ လ္လင် တော် ကို ပျဉ် နှင့် စပ် လုပ် လေ ၏။

8 တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ ရှေ့၊ အ စေ ခံ သော မိန်း မ တို့၏ ကြေး မှုံ ပြင် များ ဖြင့် အင် တုံ၊ အောက် ခြေ ကို လည်း လုပ် လေ ၏။

9 တံ တိုင်း ကို လည်း လုပ် ၍ တောင် ဘက်၊ အ လျား အ တောင် တစ် ရာ ရှိ သော ပိုး လျှော် တင်း တိမ် ရံ ကို ကာ ထား ပြီး လျှင်၊

10 ငွေ မှို ငွေ ထိပ် ပတ် ပါ သော တိုင် နှစ် ဆယ် နှင့် ကြေး အောက် ခံ နှစ် ဆယ် ရှိ ၏။

11 မြောက် ဘက် ၌ အ တောင် တစ် ရာ ရှိ သော တင်း တိမ် ရံ နှင့် တ ကွ ငွေ မှို ငွေ ထိပ် ပတ် ပါ သော တိုင် နှစ် ဆယ်၊ ကြေး အောက် ခံ ခုံ နှစ် ဆယ် ရှိ ၏။

12 အ နောက် ဘက် ၌ လည်း အ တောင် ငါး ဆယ် ရှိ သော တင်း တိမ် ရံ နှင့် တ ကွ ငွေ မှို ငွေ ထိပ် ပတ် ပါ သော တိုင် တစ် ဆယ်၊ အောက် ခံ ခုံ တစ် ဆယ် ရှိ၏။

13 အ ရှေ့ ဘက် ကား အ တောင် ငါး ဆယ် ဖြစ် လျက်၊

14-15 ဝဲ ယာ နှစ် ဘက် တူ ညီ၍ တံ တိုင်း တံ ခါး ဝ တစ် ဘက် တစ် ချက်၌ အ လျား ဆယ့် ငါး တောင် ရှိ သော တင်း တိမ် ရံ နှင့် တ ကွ တိုင် သုံး လုံး၊ အောက် ခံ ခုံ သုံး ခု ရှိ၏။

16 တံ တိုင်း ပတ် လည်၌ တင်း တိမ် ရံ ရှိ သ မျှ သည် ပိုး လျှော် ထည် ဖြစ်၍၊

17 တိုင် များ၌ ကြေး အောက် ခံ ခုံ၊ ငွေ မှို၊ ငွေ ထိပ် ပတ် ရှိ၍ တိုင် ထိပ် များ လည်း ငွေ မွမ်း မံ လျက် ရှိ ၏။ တံ တိုင်း တိုင် ဟူ သ မျှ လည်း ငွေ ထိပ် ပတ် ရှိ ၏။

18 တံ တိုင်း တံ ခါး ဖြစ် ရန် ကန့် လန့် ကာ သည် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး ထည် ဖြစ် ၏။ အ လျား အ တောင် နှစ် ဆယ်၊ အ မြင့် ငါး တောင် ရှိ လျက် တံ တိုင်း တင်း တိမ် ရံ နှင့် တစ် ဆင် တည်း ဖြစ် ၏။

19 တိုင် လေး လုံး၊ ကြေး အောက် ခံ ခုံ လေး ခု၊ ငွေ မှို၊ ငွေ ထိပ် ပတ် များ ရှိ၏။ တိုင် ထိပ် များ လည်း ငွေ မွမ်း မံ လျက် ရှိ၏။

20 စံ ရာ တော် ကြက် ဆူး နှင့် ပတ် လည် တံ တိုင်း ကြက် ဆူး ရှိ သ မျှ သည် ကြေး ဖြစ်၏။

21 မော ရှေ မှာ ထား သည့် အ တိုင်း ပ ရော ဟိတ် အာ ရုန့် သား ဣ သ မာ၏ လက် အောက် တွင် လေ ဝိ အ နွယ် သား တို့ ရေ တွက် သော သက် သေ တော် ရှိ စံ ရာ တော် ကုန် ဝင် ရန် စာ ရင်း ကို ဆို ပေ အံ့။

22 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ ကို ယု ဒ အ နွယ်၊ ဟု ရ မြေး၊ ဥ ရိ သား၊ ဗေ ဇ လေ လ သည် လုပ် ဆောင် ရာ၊

23 သူ နှင့် အ တူ ပန်း ပု အ လုပ်၊ လက် မြောက် သော အ လုပ်၊ လျှော် ချည် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး အ လုပ် ကို တတ် စွမ်း နိုင် သော ဒန့် အ နွယ်၊ အ ဟိ သ မက် သား အ ဟော လျ ဘ လည်း ရှိ၏။

24 သန့် ရှင်း ရာ ဌာ န တော် အ မှု အ ရေး အ ဖို့ သုံး ရန် ဦး တိုက် လှူ ဒါန်း သော ရွှေ ချိန် ပေါင်း ကား ကျပ် ချိန် တော် အ လိုက် အ ခွက် ရှစ် ရာ့ ခု နစ် ဆယ့် ခု နစ် ပိဿာ ကျပ် သုံး ဆယ် ဖြစ် သ တည်း။

25 ရေ တွက် စု ရုံး ပြီး ပ ရိ သတ် ပေး သော ငွေ ချိန် ပေါင် ကား ကျပ် ချိန် တော် အ လိုက် အ ခွက် သုံး ထောင့် ဆယ့် ခု နစ် ပိဿာ၊ ခု နစ် ဆယ့် ငါး ကျပ် ဖြစ် ၏။

26 အ သက် နှစ် ဆယ့် ရွယ် နှင့် တိုး တက် ကျော် လွန်၍ ရေ တွက် စု ရုံး ပြီး သူ တို့ ထံ ကူး သွား သော လူ ဦး ရေ ခြောက် သိန်း သုံး ထောင့် ငါး ရာ့ ငါး ဆယ် တို့ သည် ကျပ် ချိန် တော် အ လိုက် တ ပေ ခ ခေါ် ငွေ ငါး မူး စီ ကို ပေး ရ၏။

27 အောက် ခံ ခုံ တစ် ခု၌ ငွေ ချိန် အ ခွက် သုံး ဆယ် စီ ဝင် သည် ဖြစ်၍ သန့် ရှင်း ရာ ဌာ န တော်၊ ကန့် လန့် ကာ တော်၏ အောက် ခံ ခုံ တစ် ရာ ကို ငွေ ချိန် အ ခွက် သုံး ထောင် နှင့် သွန်း လုပ် လေ၏။

28 ကျန် ငွေ ချိန် အ ခွက် ဆယ့် ခု နစ် ပိ သာ ခု နစ် ဆယ့် ငါး ကျပ် နှင့် လည်း တိုင် မှို တိုင် ထိပ် ပတ် များ ကို လုပ်၍ တိုင် ထိပ် များ ကို မွမ်း မံ လေ၏။

29 ဦး တိုက် လှူ ဒါန်း သော ကြေး ချိန် ပေါင်း ကား အ ခွက် နှစ် ထောင့် တစ် ရာ့ နှစ် ဆယ့် လေး ပိ ဿာ ဖြစ် သ တည်း။

30 တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အောက် ခံ ခုံ၊ ပူ ဇော် ရာ ကြေး ပ လ္လင် တော်၊ ကြေး ရာ ဇ မတ် များ နှင့် ပ လ္လင် တော် အ သုံး အ ဆောင် ရှိ သ မျှ ကို လည်း ကောင်း၊

31 ပတ် လည် ရှိ တံ တိုင်း အောက် ခံ ခုံ၊ တံ တိုင်း တံ ခါး အောက် ခံ ခုံ များ နှင့် စံ ရာ တော် ကြက် ဆူး၊ တံ တိုင်း ကြက် ဆူး ရှိ သ မျှ ကို လည်း ကောင်း ထို ကြေး နှင့် လုပ် လေ ၏။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ