Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:69 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

69 ပေတရု​မူကား အိမ်​အပြင် ခြံဝင်း​အတွင်း​၌ ထိုင်​နေ​၏။ ထိုအခါ အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

69 ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

69 ထို အ ခါ ပေ တ ရု သည် ကျောင်း တော့် အ ပြင် တံ တိုင်း အတွင်း ထိုင် နေ စဉ် ကျွန် မ တစ် ယောက် လာ လျက် သင် လည်း ဂါ လိ လဲ ပြည် သား ယေ ရှု နှင့် လိုက် ပါ သူ ဖြစ် သည် ဟု ဆို သော် သင် ပြော သည် ကို ငါ မ သိ ဟု

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

69 ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

69 ထို​အချိန်​တွင် ပေတရု​သည် ရုံးတော်ဝင်း​အတွင်း​၌ ထိုင်နေ​စဉ် အစေခံ​အမျိုးသမီး​တစ်ဦး​သည် အနား​သို့ လာ​၍ “သင်​သည်လည်း ယေရှု​နှင့် အတူ​ရှိခဲ့သော​ဂါလိလဲပြည်သား​ဖြစ်သည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

69 ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:69
18 ပူးပေါင်းရင်းမြစ်များ  

ဧလိယ​သည် ထို​အသံ​ကို​ကြား​လျှင် မိမိ​မျက်နှာ​ကို ဝတ်လုံ​နှင့်​အုပ်​ပြီး တောင်ထိပ်​လိုဏ်ဂူ​ဝ​တွင် ထွက်​ရပ်​နေ​၏​။ ထိုအခါ အသံ​တော်​က “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မေး​၏​။


ထို​နေရာ​ရှိ​လိုဏ်ဂူ​တစ်​ခု​ထဲသို့​ဝင်​၍ ညအိပ်​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မိန့်ဆို​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​အကြံဉာဏ်​အတိုင်း မ​လိုက်​မ​လျှောက်​၊ အပြစ်သား​တို့​၏​လမ်း​တွင်​မ​ရပ်​မ​နေ​၊ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​စုဝေး​ရာ​အရပ်​၌​မ​ထိုင်​၊


လူထု​ပရိသတ်​များ​က​လည်း “ဤ​သူ​သည် ဂါလိလဲ​နယ် နာဇရက်​မြို့​မှ ပရောဖက်​ယေရှု​ဖြစ်​သည်”​ဟု ဆို​ကြ​၏။


ထို​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​သည် ကယာဖ​ဟု​ခေါ်​သော ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲ၌ စုဝေး​လျက်


ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အထိ ကိုယ်တော်​၏​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ နောက်ဆုံး​မည်သို့​ဖြစ်​မည်​ကို​သိမြင်​ရန် အထဲ​သို့​ဝင်​၍ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​နေ​၏။


သို့သော် ပေတရု​က “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု အားလုံး​ရှေ့​တွင် ငြင်းဆို​လေ​၏။


ထို့နောက် ဝင်း​တံခါး​ဘက်​သို့​ထွက်သွား​ရာ အခြား​အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ကို​တွေ့​သဖြင့် ထို​နေရာ​၌​ရှိ​သော​သူ​တို့​အား “ဤ​သူ​သည် နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။


နာသနေလ​က​လည်း “နာဇရက်​မြို့​ထဲမှ ကောင်း​သော​အရာ​တစ်စုံတစ်ခု​ထွက်​နိုင်​သလော”​ဟု ဆို​သော် ဖိလိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။


အချို့​တို့​က​လည်း “ဤ​သူ​သည် ခရစ်တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် အချို့​တို့​က “ခရစ်တော်​သည် ဂါလိလဲ​နယ်​မှ​ပေါ်ထွန်း​ပါ​မည်​လော။


သူ​တို့​က “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သလော။ ဂါလိလဲ​နယ်​မှ ပရောဖက် မ​ပေါ်ထွန်း​ကြောင်း​ကို စူးစမ်း​လေ့လာ​၍ သိမှတ်​လော့”​ဟု ဆို​ကြ​၏။


ထို​သူ​၏​နောက်​တွင် သန်းခေါင်စာရင်း​ကောက်​ချိန်​၌ ဂါလိလဲ​နယ်သား ယုဒ​သည်​ပေါ်လာ​၍ မိမိ​နောက်​သို့​လိုက်​ကြ​ရန် လူ​တို့​ကို​သွေးဆောင်​ခဲ့​၏။ သူ​သည်​လည်း အသတ်​ခံရ​၍ သူ့​နောက်​သို့​လိုက်​သော​သူ​အားလုံး​တို့​သည်​လည်း ကွဲလွင့်​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ