ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
ထွက်မြောက် 38:26 - မြန်မာ့စံမီသမ္မာကျမ်း အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်ဖြစ်သော တစ်ဗေကာကို ပေးဆောင်ကြ၏။ Common Language Bible ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။- Garrad Bible အ သက် နှစ် ဆယ့် ရွယ် နှင့် တိုး တက် ကျော် လွန်၍ ရေ တွက် စု ရုံး ပြီး သူ တို့ ထံ ကူး သွား သော လူ ဦး ရေ ခြောက် သိန်း သုံး ထောင့် ငါး ရာ့ ငါး ဆယ် တို့ သည် ကျပ် ချိန် တော် အ လိုက် တ ပေ ခ ခေါ် ငွေ ငါး မူး စီ ကို ပေး ရ၏။ Judson Bible အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တစ်ဝက်စီပေးရကြ၏။ |
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
“သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။
ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
ငွေတာလန်တစ်ရာဖြင့် သန့်ရှင်းရာဌာနအတွက် အောက်ခံအစွပ်များနှင့် ကန့်လန့်ကာအတွက် အောက်ခံအစွပ်များကို သွန်းလုပ်၏။ အောက်ခံအစွပ်တစ်ခုလျှင် တစ်တာလန်၊ အောက်ခံအစွပ်တစ်ရာအတွက် တာလန်တစ်ရာဖြစ်၏။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ ယောက်ျားအားလုံး တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့။
သင်နှင့်အာရုန်သည် အစ္စရေးလူမျိုးထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို တပ်ဖွဲ့အလိုက် ရေတွက်ရမည်။
ဤသည်ကား ဘိုးဘေးအိမ်ထောင်စုအလိုက် အစ္စရေးအမျိုးသားတို့၏အရေအတွက် ဖြစ်၏။ သူတို့တပ်ဖွဲ့အလိုက် တပ်စခန်းများရှိလူအရေအတွက်စုစုပေါင်းမှာ ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ် ဖြစ်၏။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက်စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို သူတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့၏အရေအတွက်မှာ ခြောက်သိန်းတစ်ထောင်ခုနစ်ရာ့သုံးဆယ် ရှိ၏။
ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန်ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။