Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 1:46 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 သူ​တို့​အားလုံး​၏​အရေအတွက်​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​လူ​ပေါင်း​ကား ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 1:46
24 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။


ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို မြေမှုန့်​ကဲ့သို့​များပြား​စေ​မည်​။ သို့ဖြစ်၍ တစ်စုံတစ်ယောက်​သည် မြေမှုန့်​ကို​ရေတွက်​နိုင်​လျှင် သင်​၏​သားစဉ်မြေးဆက်​ကို​လည်း ရေတွက်​နိုင်​လိမ့်မည်​။


ထို့နောက် ကိုယ်တော်​သည် သူ့​ကို အပြင်​သို့​ခေါ်ဆောင်​သွား​ပြီးလျှင် “​မိုးကောင်းကင်​ကို​မော့ကြည့်​လော့​။ ကြယ်​များ​ကို ရေတွက်​နိုင်​လျှင် ရေတွက်​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ကိုယ်တော်​က “​သင်​၏​သားစဉ်မြေးဆက်​သည် ထိုသို့​ဖြစ်​လိမ့်မည်​”​ဟု သူ့​အား​မိန့်​တော်မူ​၏​။


ငါ​သည် သင့်​ကို အလွန့်အလွန်​ပွားများ​စေ​မည်​။ သင့်​ကို လူမျိုး​အများ​ဖြစ်​စေ​မည်​။ သင့်​ထဲမှ ရှင်ဘုရင်​များ​ပေါ်ပေါက်​လာ​ကြ​လိမ့်မည်​။


ငါ​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​၍ သင်​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲပွင့်​နှင့်အမျှ အလွန်​များပြား​စေ​မည်​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​လိမ့်မည်​။


ဤ​ပြည်​၌ တည်းခိုနေထိုင်​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၍ သင့်​ကို​ကောင်းချီးပေး​မည်​။ အကယ်စင်စစ် ဤ​မြေ​ရှိသမျှ​တို့​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​၍ သင်​၏​ဖခင်​အာဗြဟံ​အား ငါ​ကျိန်ဆို​ခဲ့​သော​ကတိ​ကို ငါ​တည်​စေ​မည်​။


သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။


ယွာဘ​သည် လူ​အရေအတွက်​စာရင်း​ကို ရှင်ဘုရင်​ထံ ပေးအပ်​၏​။ စာရင်း​အရ​ဓား​ကိုင်​စစ်သူရဲ​များ​မှာ အစ္စရေး​အမျိုးသား​တွင် ရှစ်သိန်း​၊ ယုဒ​အမျိုးသား​တွင် ငါးသိန်း ရှိ​၏​။


သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ အရေအတွက်​များပြား​လှ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​သည် ဝမ်းမြောက်​ပျော်ရွှင်​စွာ စား​သောက်​နေထိုင်​ရ​လေ​၏​။


ယွာဘ​သည် လူ​အရေအတွက်​စာရင်း​ကို ဒါဝိဒ်​မင်းကြီး​ထံ ပေးအပ်​၏​။ စာရင်း​အရ အစ္စရေး​တစ်မျိုးနွယ်လုံး​တွင် ဓားကိုင်​တပ်သား အားလုံး​ပေါင်း​အယောက်​တစ်ဆယ့်​တစ်သိန်း​၊ ယုဒ​အမျိုး​တွင် ဓားကိုင်​တပ်သား အယောက်​လေးသိန်း​ခုနစ်သောင်း ရှိ​၏​။


အဘိယ​မင်းကြီး​သည် လက်ရွေးစင်​စစ်သူရဲ​အယောက်​လေး​သိန်း​တို့​နှင့်အတူ စစ်ချီထွက်​၏​။ ယေရောဗောင်​မင်းကြီး​သည်​လည်း လက်ရွေးစင်​စစ်သူရဲ​အယောက်​ရှစ်သိန်း​နှင့်အတူ အဘိယ​မင်းကြီး​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​၏​။


ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။


အသက်​နှစ်ဆယ်​နှင့်​အထက် ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ​ငါးဆယ်​ရှိ​၍ တစ်ယောက်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​အရ ရှယ်ကယ်​တစ်ဝက်​ဖြစ်​သော တစ်​ဗေကာ​ကို ပေးဆောင်​ကြ​၏​။


သူ​တို့​သည် ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် အစ္စရေး​လူမျိုး​ထဲမှ စစ်မှုထမ်း​နိုင်​သော​အစ္စရေး​အမျိုးသား​အားလုံး​တို့​၏​အရေအတွက် ဖြစ်​၏​။


မောရှေ​က​လည်း “​အကျွန်ုပ်​နှင့်အတူ လိုက်ပါ​လာ​သော​လူ​တို့​တွင် ခြေကျင်​လျှောက်​သော​ယောက်ျား ခြောက်သိန်း​ရှိ​ပါ​၏​။ ကိုယ်တော်​က ‘​ငါ​သည် သူ​တို့​အား အသား​ကို​ပေး​၍ သူ​တို့​သည် တစ်လလုံး​စား​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​ပါ​သည်​တကား​။


စာရင်းကောက်​ရာ​တွင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စာရင်းဝင်​သော​သူ​ရှိသမျှ​တို့​သည် ငါ့​ကို အပြစ်တင်​ကြ​သည်​ဖြစ်၍ ဤ​တောကန္တာရ​ထဲ၌ သူ​တို့​၏​အလောင်းကောင်​များ ကျန်ရစ်​ရ​လိမ့်မည်​။


ဤသည်ကား ဘိုးဘေး​အိမ်ထောင်စု​အလိုက် အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက် ဖြစ်​၏​။ သူ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​များ​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ဖြစ်​၏​။


ယာကုပ်​အမျိုး​မြေမှုန့်​ကို မည်သူ​ရေတွက်​နိုင်​မည်နည်း​။ အစ္စရေး​လူမျိုး​၏​လေးပုံတစ်ပုံ​ကို မည်သူ​ရေတွက်​နိုင်​မည်နည်း​။ ဖြောင့်မှန်​သော​သူ​တို့​သေ​သကဲ့သို့ ငါ​သေ​ပါရစေ​။ ငါ​၏​နိဂုံး​သည်​လည်း သူ​၏​နိဂုံး​ကဲ့သို့​ဖြစ်​ပါစေ​”​ဟု ဆို​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​မှာ ခြောက်သိန်း​တစ်ထောင်​ခုနစ်​ရာ့​သုံးဆယ် ရှိ​၏​။


သင်​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ဆင်းသွား​သောအခါ အယောက်​ခုနစ်ဆယ်​သာ​ရှိ​၏​။ ယခုမှာ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​တော်မူ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ