Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 2:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဤသည်ကား ဘိုးဘေး​အိမ်ထောင်စု​အလိုက် အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက် ဖြစ်​၏​။ သူ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​များ​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 တပ် စဉ် အ တိုင်း တပ် ပိုင်း စာ ရင်း ဝင် ဣ သ ရေ လ အ မျိုး သား တို့ သည် အိမ် ထောင် များ အ လိုက် ရေ တွက် သော် ခြောက် သိန်း သုံး ထောင့် ငါး ရာ့ ငါး ဆယ် ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​သို့​နှင့်​အ​ညီ၊ အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​အ​တွက်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တပ် အ​လုံး​အ​ရင်း​လူ​ပေါင်း​ကား၊ ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 2:32
6 ပူးပေါင်းရင်းမြစ်များ  

ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။


အသက်​နှစ်ဆယ်​နှင့်​အထက် ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ​ငါးဆယ်​ရှိ​၍ တစ်ယောက်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​အရ ရှယ်ကယ်​တစ်ဝက်​ဖြစ်​သော တစ်​ဗေကာ​ကို ပေးဆောင်​ကြ​၏​။


သူ​တို့​အားလုံး​၏​အရေအတွက်​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ရှိ​၏​။


မောရှေ​က​လည်း “​အကျွန်ုပ်​နှင့်အတူ လိုက်ပါ​လာ​သော​လူ​တို့​တွင် ခြေကျင်​လျှောက်​သော​ယောက်ျား ခြောက်သိန်း​ရှိ​ပါ​၏​။ ကိုယ်တော်​က ‘​ငါ​သည် သူ​တို့​အား အသား​ကို​ပေး​၍ သူ​တို့​သည် တစ်လလုံး​စား​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​ပါ​သည်​တကား​။


တပ်ဖွဲ့​အလိုက် ယုဒ​တပ်စခန်း​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ တစ်သိန်း​ရှစ်သောင်း​ခြောက်​ထောင့်​လေး​ရာ ဖြစ်​၏​။ သူ​တို့​သည် ရှေ့ဆုံး​နေရာ​မှ ခရီးပြု​ရ​မည်​။


အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​မှာ ခြောက်သိန်း​တစ်ထောင်​ခုနစ်​ရာ့​သုံးဆယ် ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ