Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 1:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2-3 ``သင်​နှင့်​အာ​ရုန်​သည်​ဣ​သ​ရေလ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​ကောက်​ယူ​ရ​မည်။ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ အ​မျိုး​သား​အား​လုံး​၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2-3 ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် တွင် စစ် ချီ နိုင် သူ၊ အ သက် နှစ် ဆယ် ကျော် ယောက်ျား ဟူ သ မျှ ကို တပ် စဉ် အ တိုင်း စု ရုံး လျက်၊ အ ဆက် အ နွယ်၊ အိမ် ထောင်၊ အ မည် ဦး ရေ အ လိုက် သင် နှင့် အာ ရုန် စာ ရင်း ကောက် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သင်​နှင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​တို့​တွင်၊ အ​သက်​နှစ်​ဆယ်​လွန်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 1:2
16 ပူးပေါင်းရင်းမြစ်များ  

ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။


“​သင်​သည် အစ္စရေး​အမျိုးသား​တို့​ကို​ရေတွက်​၍ လူဦးရေစာရင်း​ကောက်​ရာ​၌ သူ​တို့​ကို​ရေတွက်​စဉ် သူ​တို့​အပေါ်​ဘေးဒဏ်​မ​ကျရောက်​မည့်​အကြောင်း သူ​တို့​၏​အသက်​ရွေးနုတ်စရာ​အဖိုးအခ​ကို ထာဝရဘုရား​အား အသီးသီး​ပေးဆောင်​ရ​မည်​။


စာရင်းဝင်​သော​လူထု​တို့ ပေးလှူ​သော​ငွေ​သည် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ တစ်ရာ​တာလန် တစ်ထောင့်​ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ရှယ်ကယ်​ဖြစ်​၏​။


အသက်​နှစ်ဆယ်​နှင့်​အထက် ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ​ငါးဆယ်​ရှိ​၍ တစ်ယောက်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​အရ ရှယ်ကယ်​တစ်ဝက်​ဖြစ်​သော တစ်​ဗေကာ​ကို ပေးဆောင်​ကြ​၏​။


ဒုတိယ​လ​၊ ပထမ​နေ့​၌ လူထု​အပေါင်း​တို့​ကို စုရုံး​စေ​ပြီးလျှင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လေ​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။


ရှိမောင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ