အာမရံ၏သားသမီးများမှာ အာရုန်၊ မောရှေ၊ မိရိအံ တို့ဖြစ်ကြ၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
ထွက်မြောက် 38:21 - မြန်မာ့စံမီသမ္မာကျမ်း မောရှေပြောသည့်အတိုင်း သက်သေခံတော်မူချက်ထားရှိသောကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အတွက် ပြုစုထားသောပစ္စည်းစာရင်းကား ဤသို့တည်း။ ထိုစာရင်းကို ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာဦးဆောင်၍ လေဝိအမျိုးတို့က ပြုစုကြ၏။ Common Language Bible ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။ Garrad Bible မော ရှေ မှာ ထား သည့် အ တိုင်း ပ ရော ဟိတ် အာ ရုန့် သား ဣ သ မာ၏ လက် အောက် တွင် လေ ဝိ အ နွယ် သား တို့ ရေ တွက် သော သက် သေ တော် ရှိ စံ ရာ တော် ကုန် ဝင် ရန် စာ ရင်း ကို ဆို ပေ အံ့။ Judson Bible ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာတဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။ |
အာမရံ၏သားသမီးများမှာ အာရုန်၊ မောရှေ၊ မိရိအံ တို့ဖြစ်ကြ၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
ထို့ကြောင့် ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းယောယဒကိုခေါ်၍ “သက်သေခံချက်တဲတော်အဖို့ ထာဝရဘုရား၏အစေအပါးမောရှေမှာကြားထားသော အစ္စရေးလူထုတို့ပေးဆောင်ရမည့်အခွန်ငွေကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ထံမှကောက်ခံရန် လေဝိအမျိုးသားတို့ကို အဘယ်ကြောင့် သင် မမှာထားသနည်း”ဟု မေး၏။
သင်က ‘ငါ၏သွန်သင်ချက်သည် စင်ကြယ်၏။ ကိုယ်တော့်ရှေ့တွင် ငါသန့်ရှင်း၏’ဟု ဆို၏။
အနန္တတန်ခိုးရှင်ထံပြန်လာလျှင် သင့်ကို ပြန်တည်ဆောက်တော်မူမည်။ မတရားမှုများကို သင့်တဲများနှင့် ဝေးကွာစေ၍
အို ထာဝရဘုရား၊ ကိုယ်တော်၏တဲတော်၌ မည်သူနေထိုင်ရပါမည်နည်း။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ပေါ်၌ မည်သူနေထိုင်ရပါမည်နည်း။
ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။
ကိန်းဝပ်တော်မူရာတဲတော်နှင့် ဝင်းပတ်ပတ်လည်အတွက် ငုတ်တိုင်အားလုံးကို ကြေးနီဖြင့်လုပ်၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအရာအားလုံးကို ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလသည် လုပ်၏။
ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
အာရုန်သည် အမိနဒပ်၏သမီးဖြစ်သော နာရှုန်၏နှမ ဧလိရှဘနှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကိုမွေးဖွားပေး၏။
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
လေဝိအမျိုးတို့မူကား အစ္စရေးအမျိုးသားလူထုပေါ်သို့ အမျက်တော်မသက်ရောက်စေရန် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။ လေဝိအမျိုးသည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်ကို စောင့်ရှောက်ရမည်”ဟု မိန့်တော်မူ၏။
ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင် မိုးတိမ်သည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ ကွာသွားသဖြင့်
သက်သေခံချက်တဲတော်ရှေ့၌ သင်နှင့်သင်၏သားတို့ အမှုတော်ဆောင်ရွက်ရာတွင် သင်တို့နှင့်ပူးပေါင်း၍ အမှုတော်ဆောင်ရွက်ရန် သင့်ဘိုးဘေး၏မျိုးနွယ်ဖြစ်သည့် သင်၏အမျိုးသားချင်းလေဝိအမျိုးအနွယ်တို့ကို သင်နှင့်အတူခေါ်ဆောင်လော့။
‘အို ယာကုပ်အမျိုး၊ သင်၏တဲများသည် တင့်တယ်လှသည်တကား။ အို အစ္စရေးလူမျိုး၊ သင်နေထိုင်ရာနေရာများသည် တင့်တယ်လှသည်တကား။
ကိန်းဝပ်တော်မူရာတဲတော်ကိုတည်သောနေ့၌ မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သော သက်သေခံချက်တဲတော်ကို ဖုံးလွှမ်းလေ၏။ ထိုမိုးတိမ်သည် နေဝင်ချိန်မှ နံနက်တိုင်အောင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မီးသဏ္ဌာန်ကဲ့သို့ တည်နေ၏။
ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ ကိုယ်တော်အလိုရှိလျှင် ဤနေရာ၌ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်ဆောက်ပါမည်”ဟု ယေရှုအား လျှောက်ထားလေ၏။
ငါတို့၏ဘိုးဘေးများအတွက် တောကန္တာရတွင် သက်သေခံတဲတော်ရှိ၏။ ၎င်းသည် မောရှေအား သူမြင်ရသည့်ပုံစံနှင့်အညီပြုလုပ်ရန် မြွက်ဆိုတော်မူသောအရှင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသောတဲတော်ဖြစ်၏။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
လူကမဟုတ်ဘဲ ထာဝရဘုရားကတည်ဆောက်တော်မူသော စစ်မှန်သည့်တဲတော်နှင့် သန့်ရှင်းရာဌာန၏အမှုကိုထမ်းဆောင်သူဖြစ်တော်မူ၏။
သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့်
ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ရှိသောသက်သေခံချက်တဲတော်တည်ရာဗိမာန်တော်သည် ဖွင့်ထားလျက်ရှိ၍
ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။