Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 38:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ဝင်း​ပတ်ပတ်လည်​အတွက် ငုတ်တိုင်​အားလုံး​ကို ကြေးနီ​ဖြင့်​လုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 တဲ​တော်​နှင့်​ဝင်း​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 စံ ရာ တော် ကြက် ဆူး နှင့် ပတ် လည် တံ တိုင်း ကြက် ဆူး ရှိ သ မျှ သည် ကြေး ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 တဲ​တော်​တံ​သင်​ဝင်း​ပတ်​လည်၌ စိုက်​သော​တံ​သင်​ရှိ​သ​မျှ​တို့​သည် ကြေး​ဝါ​တံ​သင်​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 38:20
10 ပူးပေါင်းရင်းမြစ်များ  

ရွှေ​သံမှို​များ​၏​အလေးချိန်​မှာ ရှယ်ကယ်​ငါးဆယ်​ရှိ​၏​။ အထက်ခန်း​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​၏​။


သို့သော် တစ်ခဏချင်း​တွင် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို ခံစား​ရ​၍ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထဲမှ​ကြွင်းကျန်​သူ​တို့​ကို လွတ်မြောက်​စေ​ပြီး ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​တွင် လုံခြုံ​ရာ​ကို ပေး​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ကို မျက်စိ​အလင်း​ပေး​တော်မူ​ပြီ​။ ကျွန်ခံ​ရ​ရာ​တွင် အနည်းငယ်​သက်သာ​ခွင့်​ကို ပေး​တော်မူ​ပါ​ပြီ​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှုကိစ္စ​အဝဝ​အတွက် တန်ဆာပလာ​၊ တဲငုတ်တိုင်​၊ ဝင်း​ငုတ်တိုင် အားလုံး​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။


ဝင်းတံခါး​အတွက် တိုင်​လေး​တိုင်​၊ တိုင်​အောက်ခံ​ကြေးနီ​အစွပ်​လေး​ခု​နှင့် ငွေ​ချိတ်​ကို​လုပ်​၏​။ တိုင်​ထိပ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​မွမ်းမံ​၏​။


မောရှေ​ပြော​သည့်​အတိုင်း သက်သေခံ​တော်မူ​ချက်​ထားရှိ​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အတွက် ပြုစု​ထား​သော​ပစ္စည်း​စာရင်း​ကား ဤသို့တည်း​။ ထို​စာရင်း​ကို ယဇ်ပုရောဟိတ်​အာရုန်​၏​သား​ဣသမာ​ဦးဆောင်​၍ လေဝိ​အမျိုး​တို့​က ပြုစု​ကြ​၏​။


ပညာရှိ​တို့​၏​စကား​များ​သည် နှင်တံ​ကဲ့သို့​ဖြစ်​ပြီး တစ်ပါးတည်း​သော​သိုးထိန်းကြီး​ပေးအပ်​ထား​သည့် စုစည်း​ထား​သော​စကား​များ​သည် ခိုင်မြဲ​စွာ​ရိုက်​ထား​သော​သံ​ကဲ့သို့​ဖြစ်​၏​။


သူ့​ကို မြဲမြံ​သော​နေရာ​တွင် ငုတ်တိုင်​ကဲ့သို့ ငါ​စိုက်​မည်​။ သူ​သည် မိမိ​ဖခင်​၏​အမျိုးအနွယ်​အတွက် ဘုန်းအသရေ​ပလ္လင်​ဖြစ်​မည်​။


ငါ​တို့​ပွဲတော်​မြို့​ဖြစ်​သည့် ဇိအုန်​မြို့​ကို​ကြည့်ရှု​လော့​။ အပြောင်းအရွှေ့​မ​ရှိ​သော​တဲ​ဖြစ်​သည့် ငြိမ်းအေး​ရာ​ဂျေရုဆလင်​မြို့​ကို သင်​သည် ကိုယ့်​မျက်စိ​နှင့် မြင်​ရ​လိမ့်မည်​။ ထို​တဲ​၏​တိုင်​များ​သည် မည်သည့်​အခါ​မျှ ဆွဲနုတ်ခြင်း​ခံရ​မည်​မ​ဟုတ်​။ ကြိုး​များ​သည်​လည်း တစ်ချောင်းမျှ​ဖြတ်တောက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။


ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ