အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
ထွက်မြောက် 26:14 - မြန်မာ့စံမီသမ္မာကျမ်း တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့် လုပ်ရမည်။ ထိုအပေါ်ထပ်မိုးရန်အမိုးကို တဟာရှသားရေဖြင့် လုပ်ရမည်။ Common Language Bible ``အမိုးနှစ်ထပ်ထပ်မံ၍ပြုလုပ်ရမည်။ တစ် ထပ်ကိုအနီရောင်ဆိုးသောသိုးထီးသားရေ ဖြင့်ပြုလုပ်ရမည်။ အပေါ်ဆုံးအထပ်ကို သားရေချောဖြင့်ပြုလုပ်ရမည်။ Garrad Bible အ နီ ဆိုး သော သိုး ရေ ဖြင့် တဲ အ ပေါ် ထပ် မိုး ကို လည်း ကောင်း၊ ဖျံ ရေ ဖြင့် အ ပြင် ထပ် မိုး ကို လည်း ကောင်း လုပ် လော့။ Judson Bible အပေါ်တဲဖုံးအုပ်ဖို့ အနီဆိုးသောသိုးရေကိုလည်းကောင်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကိုလည်းကောင်းလုပ်ရမည်။ |
အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
တဲတော်ရွက်ထည်များ၏အလျားဘက်မှ ပိုနေသောအပိုင်းကို ကိန်းဝပ်တော်မူရာတဲတော်အားဖုံးအုပ်ရန် တစ်ဖက်၌တစ်တောင်၊ အခြားတစ်ဖက်၌တစ်တောင် ဘေးတစ်ဖက်တစ်ချက်စီတွင် တွဲလျားချထားရမည်။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်၊ ပိတ်ချောထည်၊ ဆိတ်မွေး၊ အနီရောင်ဆိုးထားသောသိုးထီးသားရေနှင့် တဟာရှသားရေတို့ရှိသောသူတိုင်း ၎င်းတို့ကိုယူဆောင်လာကြ၏။
တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့်လုပ်၏။ ထိုအပေါ်၌ထပ်မိုးရန်အမိုးကို တဟာရှသားရေဖြင့် လုပ်၏။
အနီရောင်ဆိုးထားသောသိုးထီးသားရေအမိုး၊ တဟာရှသားရေအမိုးနှင့် ကာရန်ကန့်လန့်ကာကိုလည်းကောင်း၊
အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲသားတို့မှီခိုရာ၊ ဒုက္ခရောက်နေသောနွမ်းပါးသူတို့မှီခိုရာ၊ မုန်တိုင်းထဲမှ ခိုလှုံရာ၊ အပူရှိန်မှကာကွယ်ပေးသော အရိပ်အာဝါသ ဖြစ်တော်မူ၏။ ကြမ်းကြုတ်သောသူတို့၏ဒေါသသည် နံရံကိုတိုက်ဖြိုသောမုန်တိုင်းကဲ့သို့ဖြစ်၏။
နေ့အချိန် အပူရှိန်ကိုကာကွယ်ပေးသောအရိပ်၊ မိုးသက်မုန်တိုင်းဘေးမှ ခိုလှုံရာ၊ ကွယ်ကာရာအဖြစ် တဲလည်းရှိမည်။
သင့်အား ဇာပန်းထိုးထည်ကို ဝတ်ဆင်ပေး၏။ သားရေဖိနပ်ကို စီးပေး၏။ ပိတ်ချောထည် ဆင်ယင်ပေး၏။ ပိုးထည် ခြုံပေး၏။
ထိုဆီမီးခုံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို တဟာရှသားရေဖုံးနှင့်ထုပ်၍ ထမ်းစင်ပေါ်တင်ရမည်။
သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ရွက်ထည်များ၊ တွေ့ဆုံစည်းဝေးရာတဲတော်အမိုး၊ ထိုအမိုးပေါ်ရှိ တဟာရှသားရေအမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။