ဟေရှာယ 4:6 - မြန်မာ့စံမီသမ္မာကျမ်း6 နေ့အချိန် အပူရှိန်ကိုကာကွယ်ပေးသောအရိပ်၊ မိုးသက်မုန်တိုင်းဘေးမှ ခိုလှုံရာ၊ ကွယ်ကာရာအဖြစ် တဲလည်းရှိမည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ကိုယ်တော်၏ဘုန်းအသရေတော်သည်မြို့ တော်ကို နေ၏အပူရှိန်မှကာကွယ်၍ မိုးသက် မုန်တိုင်း၏ဒဏ်နှင့်ကင်းဝေးစေပြီးလျှင် ဘေးမဲ့လုံခြုံရာဖြစ်စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 နေ့ အ ချိန် နေ ရောင် ကို ကာ ရန်လည်း ကောင်း၊ မိုး သက် မုန် တိုင်း ကျ ရာ ခို လှုံ ရန်လည်း ကောင်း၊ တဲ သ ဖွယ် ရှိ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 နေ့အချိန်၌လည်း နေပူကို ကွယ်ကာသောတဲ၊ မိုးသက်မုန်တိုင်းရောက်မှ လုံခြုံသောခိုလှုံရာ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။