ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ထွက်မြောက် 22:28 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။ Common Language Bible ``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။ Garrad Bible ငါ ဘု ရား ကို ပြစ် မှား ပြော ဆို ခြင်း၊ သင့် လူ မျိုး အ ပေါ် တွင် အုပ် စိုး သော မင်း ကို ကျိန် ဆဲ ခြင်း မ ပြု နှင့်။ Judson Bible ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။ |
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။
ထိုအခါ ဇေရုယာ၏သား အဘိရှဲက “ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးတော်မူသောသူကို ကျိန်ဆဲခဲ့လေပြီ။ ထို့အတွက်ကြောင့် သူအသေသတ်ခြင်းခံရမည် မဟုတ်လော”ဟု ဆိုလျှင်
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ဘုရားများရှေ့၌ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ထို့ကြောင့် ကိုယ်တော်ကိုတွေ့နိုင်သည့်ကာလတွင် သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်ထံဆုတောင်းကြပါစေ။ အကယ်စင်စစ် လျှံတက်လာသည့် များစွာသောရေပင်လျှင် သူတို့ထံသို့ရောက်နိုင်မည်မဟုတ်။
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
လယ်ယာ၌ သင်မျိုးကြဲ၍ ထွက်ရှိသောအဦးဆုံးသီးနှံရိတ်သိမ်းရာပွဲကိုလည်းကောင်း၊ နှစ်ကုန်ချိန်၌ လယ်ယာမှသီးနှံစုသိမ်းသောအခါ စုသိမ်းရာပွဲကိုလည်းကောင်း ကျင်းပရမည်။
သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
ရှင်ဘုရင်ကို သင်၏စိတ်ကူးထဲ၌ပင် မကျိန်ဆဲနှင့်။ ချမ်းသာသောသူကိုလည်း သင်၏အိပ်ခန်းထဲ၌ပင် မကျိန်ဆဲနှင့်။ အကြောင်းမူကား မိုးကောင်းကင်ငှက်သည် ထိုအသံကို ဆောင်ယူသွားလိမ့်မည်။ တောင်ပံရှိသောအကောင်သည်လည်း ထိုစကားကို ပြောကြားလိမ့်မည်။
ထိုအစ္စရေးအမျိုးသမီး၏သားသည် နာမတော်ကိုစော်ကားပြောဆိုလျက် ကျိန်ဆဲသောကြောင့် သူ့ကို မောရှေထံသို့ခေါ်လာကြ၏။ သူ့မိခင်၏အမည်မှာ ရှေလောမိတ်ဖြစ်ပြီး ဒန်အမျိုးအနွယ်မှ ဒိဗရိ၏သမီးဖြစ်၏။
သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် မိမိ၏ဘုရားသခင်ကိုကျိန်ဆဲလျှင် ထိုသူသည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။
ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။
လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
ထိုနည်းတူ ဤအိပ်မက်မြင်မက်တတ်သောသူတို့သည်လည်း ကိုယ်ကာယကိုညစ်ညူးစေလျက် အုပ်စိုးခြင်းကိုဝန်မခံဘဲ ဘုန်းအသရေရှိသောသူကို စော်ကားပြောဆိုတတ်ကြ၏။
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။
ထို့ကြောင့် သူ့နောက်လိုက်တို့အား “ထာဝရဘုရား ဘိသိက်ပေးတော်မူသော ငါ့သခင်ကို ကိုယ်ထိလက်ရောက်ပြုခြင်းမှ ထာဝရဘုရားသည် ငါ့ကို ဆီးတားတော်မူပါစေသော။ အကြောင်းမူကား ထိုသခင်သည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏”ဟု ဆို၏။
သို့သော် ဒါဝိဒ်က အဘိရှဲအား “သူ့ကို မသတ်နှင့်။ ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုသောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော”ဟု ဆို၏။