Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 22:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အကြောင်းမူကား ၎င်း​သည် သူ​၏​တစ်ခုတည်း​သော​ခြုံစရာ​၊ သူ​၏​ကိုယ်ခန္ဓာ​အတွက် ခြုံထည်​ဖြစ်​သဖြင့် သူ​သည် မည်သည့်​အရာ​ကို​ခြုံ​၍ အိပ်​မည်နည်း​။ ငါ​သည် သနားကြင်နာ​တတ်​သည်​ဖြစ်၍ သူ​သည် ငါ့​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ငါ​နားထောင်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သူ​၏​ကိုယ်​ကို​ခြုံ​စ​ရာ​ဟူ​၍​ထို​ခြုံ​ထည်​တစ်​ခု တည်း​သာ​ရှိ​သည်​ဖြစ်​သော​ကြောင့်​သူ​သည်​ခြုံ စ​ရာ​မ​ရှိ​လျှင်​အ​ဘယ်​သို့​အိပ်​နိုင်​မည်​နည်း။ ငါ​သည်​သ​နား​ကြင်​နာ​သော​အ​ရှင်​ဖြစ်​၍ သူ​သည်​ငါ့​အား​လျှောက်​ထား​သော​အ​ခါ ငါ​နား​ညောင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သူ၌ အ ခြား ခြုံ ရန် မ ရှိ။ အ ရေ ပါး ကို ခြုံ သော အ ဝတ် ဖြစ်၏။ သူ သည် မည် သို့ အိပ် ရ မည် နည်း။ ငါ့ ထံ ဟစ် လျှင် က ရု ဏာ ရှိ သည် နှင့် အ ညီ နား ညောင်း လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 အ​ကြောင်း​မူ​ကား၊ အ​ခြား​သော​ခြုံ​စ​ရာ​မ​ရှိ။ ကိုယ်​ခြုံ​ဖို့​ဖြစ်၏။ သူ​သည် အ​ဘယ်​သို့​အိပ်​နိုင်​သ​နည်း။ ငါ့​အား​အော်​ဟစ်​လျှင် ငါ​ကြား​မည်။ ငါ​သည် သ​နား​သော​သ​ဘော​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 22:27
14 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် ဗာဟုရိမ်​မြို့​သို့​ရောက်​သောအခါ ရှောလု​မင်းကြီး​၏​ဆွေမျိုးသားချင်း​ထဲမှ လူ​တစ်​ယောက်​ထွက်လာ​၏​။ ထို​သူ​သည် ဂေရ​၏​သား​ဖြစ်၍ ရှိမိ အမည်​ရှိ​၏​။ သူ​သည် ဒါဝိဒ်​မင်းကြီး​ကို ကျိန်ဆဲ​ရင်း​နှင့် ထွက်လာ​ခြင်း​ဖြစ်​၏​။


ဗာဟုရိမ်​မြို့သား​၊ ဗင်္ယာမိန်​အမျိုးသား ဂေရ​၏​သား​ရှိမိ​သည် မဟာနိမ်​မြို့​သို့ ငါ​သွား​သော​နေ့​တွင် သူ​သည် ငါ့​ကို ခါးသီး​စွာ​ကျိန်ဆဲ​ခဲ့​၏​။ သို့သော် ငါ​ပြန်လာ​သောအခါ သူ​သည် ငါ့​ကို ဂျော်ဒန်​မြစ်​သို့​ဆင်းကြို​၍ ‘​သင့်​ကို ငါ ဓား​ဖြင့်​မ​သတ်​’​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ငါ​ကျိန်ဆို​ခဲ့​ပြီ​။


သို့သော် သူ့​ကို အပြစ်ကင်းသူ​ဟု မ​ယူဆ​ပါ​နှင့်​။ သင်​သည် ပညာရှိ​ဖြစ်​သည်​နှင့်အညီ သူ့​အား မည်သို့​ပြု​ရ​မည်​ကို သင်​သိ​ပါ​၏​။ ဆံပင်ဖြူ​သော​သူ့​ကို ကွပ်မျက်​ပြီး မရဏာနိုင်ငံ​သို့ ဆင်း​စေ​လော့​”​ဟု မိန့်မှာ​လေ​၏​။


ထာဝရဘုရား​ထံ သင်​တို့​ပြန်လာ​လျှင် ဖမ်းခေါ်​သွား​သူ​တို့​သည် သင်​တို့​ညီအစ်ကို​များ​၊ သားမြေး​များ​ကို သနား​၍ သူ​တို့​သည် ဤ​ပြည်​သို့ ပြန်လာ​ရ​ကြ​လိမ့်မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​သောကြောင့် သင်​တို့​သည် အထံ​တော်​သို့​ပြန်လာ​လျှင် ကိုယ်တော်​သည် သင်​တို့​ကို​မျက်နှာလွှဲ​တော်မူ​မည်​မ​ဟုတ်​”​ဟု ပါရှိ​၏​။


အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။


အကြောင်းမူကား သူ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သည့် နွမ်းပါး​သော​သူ​ကို​လည်းကောင်း​၊ ကူညီမစ​မည့်​သူ​မ​ရှိ​သည့် အဖိနှိပ်​ခံရ​သော​သူ​ကို​လည်းကောင်း ကယ်နုတ်​တော်မူ​လိမ့်မည်​။


သို့သော် အို ဘုရားရှင်​၊ ကိုယ်တော်​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​နှင့်​ပြည့်စုံ​သော ဘုရားသခင်​ဖြစ်​တော်မူ​ပြီး စိတ်ရှည်​သော​သဘော​၊ သမ္မာတရား​နှင့်​မေတ္တာကရုဏာ​ကြွယ်ဝ​သော သဘော​ရှိ​တော်မူ​၏​။


အကယ်၍ သင်​နှိပ်စက်​၍ သူ​တို့​သည် ငါ့​ထံ အော်ဟစ်​မည်​ဆိုလျှင် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို ငါ​အသေအချာ​နားထောင်​မည်​။


ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။


ရှင်ဘုရင်​ကို သင်​၏​စိတ်ကူး​ထဲ၌​ပင် မ​ကျိန်ဆဲ​နှင့်​။ ချမ်းသာ​သော​သူ​ကို​လည်း သင်​၏​အိပ်ခန်း​ထဲ၌ပင် မ​ကျိန်ဆဲ​နှင့်​။ အကြောင်းမူကား မိုးကောင်းကင်​ငှက်​သည် ထို​အသံ​ကို ဆောင်ယူ​သွား​လိမ့်မည်​။ တောင်ပံ​ရှိ​သော​အကောင်​သည်​လည်း ထို​စကား​ကို ပြောကြား​လိမ့်မည်​။


ထို​ကျောက်တိုင်​သည် အီဂျစ်​ပြည်​တွင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အမှတ်လက္ခဏာ​သဖွယ်​၊ သက်သေ​သဖွယ် ဖြစ်​လိမ့်မည်​။ သူ​တို့​သည် ညှဉ်းဆဲ​ခြင်း​ခံရ​သောကြောင့် ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ကိုယ်တော်​သည် ကယ်တင်​ပေး​သူ​၊ ကာကွယ်​ပေး​သူ​ကို သူ​တို့​ထံ​စေလွှတ်​တော်မူ​၍ သူ​တို့​ကို ကယ်တင်​တော်မူ​လိမ့်မည်​။


သင်​သည် သင့်​အိမ်နီးချင်း​အား တစ်စုံတစ်ရာ​ကို​ချေး​ပေး​သောအခါ သူ​၏​အိမ်​ထဲသို့​ဝင်​ပြီး အပေါင်ခံ​ပစ္စည်း​ကို မ​ယူ​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ