ထာဝရဘုရားသည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကိုကြည့်ရှုရန် ဆင်းသက်တော်မူ၏။
ထွက်မြောက် 19:18 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။ Common Language Bible ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။- Garrad Bible သူ တို့ သည် တောင် ခြေ ရင်း ၌ ရပ် နေ ကြ စဉ် ထာ ဝ ရ ဘု ရား သည် သိ နာ တောင် ထိပ် သို့ မီး တေ ဇော် နှင့် တ ကွ ဆင်း သက် တော် မူ သော ကြောင့် တောင် လုံး နှံ့ မီး ခိုး ထွက်၍ မီး ဖို မှ အ ခိုး တက် သ ကဲ့ သို့ တက် လျက် တစ် တောင် လုံး ပြင်း စွာ တုန် လှုပ် လေ ၏။ Judson Bible ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တစ်တောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တစ်တောင်လုံး ပြင်းစွာလှုပ်လေ၏။ |
ထာဝရဘုရားသည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကိုကြည့်ရှုရန် ဆင်းသက်တော်မူ၏။
နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စေ့စေ့ကြည့်တော်မူသောအခါ ၎င်းသည် တုန်လှုပ်၏။ တောင်များကိုတို့ထိတော်မူသောအခါ ၎င်းတို့မှ မီးခိုးထွက်ကြ၏။
တောင်တို့သည် သိုးထီးကဲ့သို့လည်းကောင်း၊ တောင်ကုန်းတို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။
အချင်းမြေကြီး၊ အရှင်၏ရှေ့တော်တည်းဟူသော ယာကုပ်၏ဘုရားသခင့်ရှေ့တော်၌ တုန်လှုပ်လျက်နေလော့။
အို ထာဝရဘုရား၊ ကိုယ်တော်၏ကောင်းကင်ကိုညွှတ်၍ ကြွဆင်းတော်မူပါ။ တောင်များမှ မီးခိုးထွက်လာစေရန် ၎င်းတို့ကို တို့ထိတော်မူပါ။
ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာသွန်းစေ၍ ကိုယ်တော်၏အမွေတော်သည် အားအင်ကုန်ခန်းသောအခါ ၎င်းကို ပြန်လည်လန်းဆန်းစေတော်မူ၏။
ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။ ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။
မောရှေသည်လည်း လူတို့ကို ဘုရားသခင်နှင့်တွေ့ဆုံစေရန် စခန်းထဲမှ ခေါ်ထုတ်လာသဖြင့် သူတို့သည် တောင်ခြေ၌ရပ်နေကြ၏။
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစ္စရေးအမျိုးသားတို့မျက်မှောက်တွင် တောင်ထိပ်ပေါ်၌လောင်ကျွမ်းနေသောမီးကဲ့သို့ ထင်ရှား၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မောရှေအား ချုံပုတ်အလယ် မီးလျှံထဲမှ ကိုယ်ထင်ရှားပြလေ၏။ မောရှေကြည့်လိုက်သောအခါ ချုံပုတ်သည် မီးတောက်လောင်နေသော်လည်း ကျွမ်းသွားခြင်းမရှိသည်ကို မြင်လျှင်
နံနက်စောစော အဆင်သင့်ပြင်၍ သိနာတောင်ပေါ်သို့ တက်လာလော့။ ထိုတောင်ထိပ်တွင် ငါ့ကိုလာဖူးမြင်လော့။
ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။
ကိုယ်တော်သည် မိုးကောင်းကင်ကိုဆုတ်ဖြဲ၍ ဆင်းသက်တော်မူလျှင် တောင်တို့သည် ကိုယ်တော်၏ရှေ့တော်တွင် လှုပ်ကြပါလိမ့်မည်။
ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။
မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။
ကိုယ်တော်သည် မိုးကောင်းကင်မှ ပဲ့ပြင်သောစကားသံကို သင်တို့အား ကြားစေတော်မူ၏။ မြေကြီးပေါ်၌လည်း သင်တို့အား မီးတောက်မီးလျှံကြီးကို ပြတော်မူ၍ ထိုမီးထဲမှ ကိုယ်တော်၏စကားတော်ကို သင်တို့ကြားရကြ၏။
ထာဝရဘုရားသည် တောင်ပေါ်၌ မီး၊ မိုးတိမ်နှင့် အမှောင်ထုတို့ထဲမှ ကြီးမားသောအသံဖြင့် လူအစုအဝေးတစ်ရပ်လုံးအား ဤစကားတို့ကို မိန့်တော်မူ၏။ ထို့နောက် ထပ်၍ မိန့်တော်မမူဘဲ ဤစကားတို့ကို ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးသားပြီး ငါ့အား ပေးအပ်တော်မူ၏။
ထာဝရဘုရားသည် တောင်ပေါ်၌ သင်တို့နှင့် မီးထဲမှမျက်နှာချင်းဆိုင် မိန့်တော်မူ၏။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊
ထိုစဉ်က ကိုယ်တော်၏အသံတော်သည် မြေကြီးကိုတုန်လှုပ်စေ၏။ ယခုမူကား ကိုယ်တော်က “ငါသည် နောက်တစ်ဖန် မြေကြီးကိုသာမကဘဲ ကောင်းကင်ကိုပါ တုန်လှုပ်စေမည်”ဟု ကတိထားတော်မူ၏။
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။
သူသည် ထိုအတိုင်းမသိနက်ရှိုင်းသောတွင်းကို ဖွင့်လိုက်သောအခါ မီးဖိုကြီး၏မီးခိုးကဲ့သို့သောမီးခိုးများသည် ထိုတွင်းထဲမှတက်လာပြီး ထိုတွင်း၏မီးခိုးများကြောင့် နေနှင့်အာကာသသည် မှောင်မိုက်သွားလေ၏။
တောင်များသည် ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ကြပါ၏။ သိနာတောင်ပင်လျှင် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ရပါ၏။